ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၂)ကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၂)ကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြား 

နေပြည်တော်၊ ဇန်နဝါရီ - ၂၇    

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၂)ကို ယနေ့ မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် မန်းငြိမ်းမောင်၊ Jeng Phang နော်တောင်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဒေါက်တာ ဒေါ်သီတာဦး၊ ဦးကိုကို၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဦးခင်ရီ၊ ဦးမြင့်ကြိုင်၊ ဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် ဒုတိယဝန်ကြီးများ၊ တက်ရောက်ကြပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် တို့က Video Conferencing ဖြင့် တက်ရောက်ကြသည်။

ဦးစွာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးလုပ်ငန်းများအား တာဝန်ရှိသူများအနေဖြင့် စနစ်တကျဖြင့်ကြပ်မတ်ဆောင်ရွက်ရန် အခြေအနေများ၊ နိုင်ငံသားများအနေဖြင့် ဥပဒေနှင့်စည်းမျဉ်းစည်းကမ်းများအား သိရှိလိုက်နာစေရေး အသိပညာများရှိရန်အတွက် အတန်းပညာများ တတ်မြောက်အောင် သင်ကြားပေးရန် လိုအပ်မှုနှင့် နိုင်ငံအတွင်း အသိပညာရှင်များ၊ အတတ်ပညာရှင်များ ပေါများရေး အလေးထားဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများ၊  ဥပဒေပြုရေးနှင့်ပတ်သက်၍ ဥပဒေများပြဌာန်းရာတွင် အားနည်းချက်များမရှိစေရေး အားလုံးဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်ရန်နှင့် ဥပဒေပြုရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီး ဌာနများအနေဖြင့် အလေးအနက် စဉ်းစားဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများ၊ နိုင်ငံသားများနှင့် နိုင်ငံပိုင်အဆောက်အဦများ လုံခြုံရေးအတွက်ဆောင်ရွက်ရာတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ဝန်ကြီးဌာနများအလိုက် လုံခြုံရေးကျိုးပေါက်မှု မရှိစေရေး အသိ၊ သတိဖြင့် ဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများ၊ ပြည်သူများ အားလုံးညီညွတ်မှုရှိစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆင်းရဲ၊ ချမ်းသာ ကွာဟမှုများ နည်းပါးအောင် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ရန်လိုအပ်မှုအခြေ အနေများအား အကျယ်တဝံ့ဆွေးနွေးမှာကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးချုပ်များနှင့် ဒုတိယဝန်ကြီး များက သက်ဆိုင်ရာကဏ္ဍရပ်များ၊ ဥပဒေရေးရာကိစ္စရပ်များ၊ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ဆိုင်ရာကိစ္စရပ်များအား အသီးသီးရှင်းလင်း တင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်မှာကြားပြီး ရှေးဟောင်းနယ်မြေ များနှင့် ရှေးဟောင်းအဆောက်အဦများ ရေရှည်တည်တံ့စေရေးအတွက် စနစ်တကျဖြင့် ထိန်းသိမ်းဆောင်ရွက်ရန်လိုအပ်မှုနှင့် ပြည်ပခရီးသွားများအား ဆွဲဆောင်မှုရှိအောင် ပြုပြင်ထိန်းသိမ်း၍ နိုင်ငံ၏ ဝင်ငွေတိုးတက်အောင် ဆောင်ရွက်နိုင်သည့် အခြေအနေ များ၊ သစ်တောကြိုးဝိုင်းများထိန်းသိမ်းဆောင်ရွက်ရာတွင် သစ်တောသစ်ပင်များအား စနစ်တကျဖြင့်ထိန်းသိမ်းရန်လိုအပ်မှုနှင့် စိုက်ပျိုးမြေအဖြစ်ဆောင်ရွက်ရန် ခွင့်ပြု ထားသည့် သစ်တောမြေနေရာများတွင် စည်းကမ်းချက်များနှင့်အညီ စိုက်ပျိုးရေး လုပ်ငန်းများ စနစ်တကျဆောင်ရွက်၍ ထိထိရောက်ရောက်အသုံးချနိုင်ရေး တာဝန်ရှိသူ များက ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရန်လိုအပ်သည့်အခြေအနေများနှင့် လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များ၊ တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ တရားဥပဒေ စိုးမိုးရေး ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။