တရားမဝင် ဓာတုပစ္စည်း၊ တိုင်းရင်းဆေးနှင့် သစ်မျိုးစုံ ဖမ်းဆီးရမိ
နေပြည်တော် ဇန်နဝါရီ ၂၇
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၅ ရက်တွင် ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့များမှ သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ မူဆယ်မြို့နယ် တိန်းလုံကျေးရွာ ကူးတို့ဆပ်အနီး ကွင်းပြင်တွင် နအ့ညေသူ ဟု ယူဆရသော လီတာ ၂ဝ ခန့်စီပါ ပလတ်စတစ်ပုံး ၂၉ဝ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၄ဝဝဝဝဝ) ဖမ်းဆီးရမိခဲ့ပြီး ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ ဇန်နဝါရီ ၂၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့များမှ မြောက်ပိုင်းခရိုင်အတွင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လှော်ကားသဘာဝ ဥယျာဉ်အတွင်း အုံတုံခေါက်(အစို) ပိဿာ ၉ဝ နှင့် ဇန်နဝါရီ ၂၆ ရက်တွင် လှည်းကူးမြို့နယ် ငမိုးရိပ် ချောင်းကူးတံတားပေါ်၌ TOYOTA Super Custom ယာဉ်တစ်စီးပေါ်မှ တရားမဝင်ကျွန်းခွဲသား ၁ ဒသမ ၅၄၁၆ တန်၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေ ကျပ် ၄၆၅၆၃ဝ) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇန်နဝါရီ ၂၆ ရက်တွင် မွန်ပြည်နယ် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ အကောက်ခွန်ဦးစီးဌာနက ဦးဆောင်သော တာဝန်ကျပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ခရီးသည် တင်မှန်လုံယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ရသေ့တံဆိပ် ထိုင်းတိုင်းရင်းဆေး အရည် ၁ဝ၁ ဖာ(ခန့်မှန်း တန်ဖိုးငွေကျပ် ၅၄၅၄ဝဝဝ) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မွန်ပြည်နယ်၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာနမှ ဦးဆောင်၍ပူးပေါင်း အဖွဲ့များဖြင့် သတင်းအရ သွားရောက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်လမြိုင်ခရိုင် သံဖြူဇရပ်မြို့နယ် သံဖြူဇရပ်-ရေး ကားလမ်းအနီးတွင် ကုန်တင်ယာဉ် နှစ်စီးပေါ်မှ ပိတောက်ခွဲသားဆိုဒ်စုံ၂၉ ဒသမ ၁၃၇၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၇၄၁၁၆ဝ) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူပင် ဇန်နဝါရီ ၂၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ပဲခူးခရိုင်နှင့် တောင်ငူခရိုင် သစ်တောကြိုးဝိုင်းများ အတွင်း တရားမဝင် သစ်မျိုးစုံ ၁၅ ဒသမ ၈၁၆၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၇၁၈၆ဝ) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ပါ၍ ဇန်နဝါရီ ၂၅ ရက်၊ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ခုနစ်မှု၊ (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၃၅၉၃၂၆၅ဝ) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။