တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက် လက် ပို့ဆောင်

တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက် လက် ပို့ဆောင်

နေပြည်တော်၊ ဇန်နဝါရီ ၂၈

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများ နှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို တပ်မတော်သား ဆရာ ဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက် အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်း ကြောင်းစံချိန် စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေး လျက်ရှိ သည်။

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာ ရေးဝန်ကြီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း၌ ထားရှိသော ဆေးတစ်လုံးလျှင် လူ ၁၀ ဦးထိုးနိုင်သော COVISHIELD ၊Covaxin၊ Sputnik Light နှင့် ဆေးတစ်လုံး လျှင်လူ ၅ ဦးထိုးနိုင်သော Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ပို့ဆောင်ပေးရာ နေပြည်တော် ကောင်စီနယ်မြေသို့ COVISHIELD ၇၂၉၂ လုံး၊ Covaxin ၂၅၅၈ လုံးနှင့် ဆေးထိုးအပ် ၆၆၆ဝဝ ချောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့သို့ COVISHIELD ၄၁၅၆ လုံး၊ Covaxin ၄၆၂၆ လုံး နှင့် ဆေးထိုးအပ် ၄၅၀၀၀ ချောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့သို့ COVISHIELD ၉၅၂၉၉ လုံး၊ Covaxin ၆၆၅၂ လုံးနှင့်ဆေးထိုးအပ် ၆၆၉၆၀၀ ချောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့သို့ COVISHIELD ၃၅၇၄၈ လုံး၊ Covaxin ၆ လုံး၊ Sinopharm ၄၂၈၀ လုံးနှင့် ဆေးထိုးအပ် ၂၂၈၆၀၀ ချောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့သို့ COVISHIELD ၆၆၆၄၈ လုံး၊ Covaxin ၇၄၆ လုံးနှင့် ဆေးထိုးအပ် ၄၁၄၀၀၀ ချောင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့သို့ Covaxin ၄၃၆၀ လုံးနှင့်ဆေးထိုးအပ် ၄၃၂၀၀ ချောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ သို့ COVISHIELD ၂၅၆၅၈ လုံး၊ Covaxin ၂၅၀၆ လုံးနှင့် ဆေးထိုးအပ် ၁၂၉၆၀၀ ချောင်း၊ လှည်းကူးမြို့သို့ Sputnik Light ၂၀၀ လုံး၊ ပြည်မြို့သို့ COVISHIELD ၁၇၃၅၈ လုံး၊ Covaxin ၃၁၁၀ လုံးနှင့်ဆေးထိုးအပ် ၁၀၄၄၀၀ ချောင်း၊ မကွေး တိုင်းဒေကြီး၊ မကွေးမြို့သို့ COVISHIELD ၇၈၃၇၀ လုံး၊ Covaxin ၂၈၉၄ လုံး၊ Sinopharm ၆၁၅၈ လုံးနှင့် ဆေးထိုးအပ် ၇၄၃၄၀၀ ချောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ COVISHIELD ၆၀၂၅ လုံး၊ Covaxin ၁၆၀၅ လုံး နှင့်ဆေးထိုးအပ် ၆၈၉၀၀ ချောင်းတို့ကို Cold Chain Delivery Logistics မော်တော်ယာဉ် ကြီးများဖြင့် ပို့ဆောင်ပေးခဲ့ပြီး တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။