တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ခေမရဋ္ဌပြည်ငြိမ်းအေးစေတီတော်၌ ပဋ္ဌာန်းကျမ်းမြတ် ပူဇော်ပွဲ အောင်ပွဲကျင်းပပြုလုပ်

တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ခေမရဋ္ဌပြည်ငြိမ်းအေးစေတီတော်၌ ပဋ္ဌာန်းကျမ်းမြတ် ပူဇော်ပွဲ အောင်ပွဲကျင်းပပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ - ၂၉

တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ခေမရဋ္ဌပြည်ငြိမ်းအေးစေတီတော်၌ ပဋ္ဌာန်းကျမ်း မြတ်ပူဇော်ပွဲအောင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ကျိုင်းတုံမြို့၊ သာသနာ့ဝေပုလ္လပရိယတ္တိကမ္မဋ္ဌာန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိဇယ အမှူးပြု သော သံဃာတော်များကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များထံမှ ငါးပါး သီလနှင့် ပရိတ်တရားတော်များ နာယူကြပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်း များနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ပဋ္ဌာန်းကျမ်းမြတ်ပူ ဇော်ပွဲ အောင်ပွဲကို ဆက်လက်ပြုလုပ်ကြပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။
အဆိုပါ ပဋ္ဌာန်းကျမ်းမြတ်ပူဇော်ပွဲကို ဇန်နဝါရီ ၂၇ ရက်မှ ယနေ့အထိ ၃ ရက် အကြာ ရွတ်ဖတ်ပူဇော်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။