မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အလွတ်တန်းဖိတ်ခေါ် စက်ဘီးစီး ပြိုင်ပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အလွတ်တန်းဖိတ်ခေါ် စက်ဘီးစီး ပြိုင်ပွဲပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁
    
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အလွတ်တန်းဖိတ်ခေါ် စက်ဘီးစီးပြိုင်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင် အောင်မြေသာစံမြို့နယ်၊ ၂၆ လမ်း၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြား မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးရှေ့၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ မန္တလေးမြို့တော်ဝန်၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြ သည်။
    
ဦးစွာ ဝန်ကြီးချုပ်က သေနတ်ပစ်ဖောက်တာလွှတ်ခဲ့ရာ ပြိုင်ပွဲဝင်အားကစား သမား ၁၂၂ ဦးမှ ကျုံးမြို့ရိုးသုံးပတ် စက်ဘီးစီးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဒေသခံ ပြည်သူများက လမ်းဘေးတစ်လျှောက် အားပေးခဲ့ကြကာ မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီရုံးရှေ့တွင် ပန်းဝင်ကြသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက ဆုရရှိကြသူများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ကြသည်။
    
ထို့အပြင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီမိသားစုဌာနအလိုက် ထမဲနဲထိုးပြိုင်ပွဲ၊ ပျော်ရွှင်ပွဲနှင့် စတုဒီသာ ဧည့်ခံ ပွဲများ ပျော်ရွှင်စွာကျင်းပခဲ့ကြောင်း သတင်းရရှိသည်။