ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကယားပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ အား အသုံးအဆောင်ပစ္စည်းများ၊ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်
နေပြည်တော်၊ ဖေဖော်ဝါရီ - ၁
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကယားပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ အား အသုံးအဆောင်ပစ္စည်းများ၊ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေး အပ်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်ရှိ တိုင်းရင်းသားပေါင်းစုံခရစ်ယာန်ကျောင်းနှင့် သစ်တောရပ် ကွက်ရှိ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာတို့၌ ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုက်ပွဲရှောင်ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုက်ပွဲရှောင်ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ဘာသာရေးအဖွဲ့များမှ ကိုယ်စားလှယ် များက လက်ခံရယူကြပြီး တိုက်ပွဲရှောင်ပြည်သူများကိုယ်စား တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။