COVID-19  ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန် အဟာရဖြည့် စားသောက်ဖွယ်ရာများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၂၄
    
ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် အဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ် များအလိုက် တပ်မတော်သားများက သွားရောက်ပေးအပ်လှူဒါန်းလျက်ရှိရာ စက်တင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ပြည်သူ့ဆေးရုံစုစုပေါင်း ၈၆ ရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံတက်ရောက်ကုသ လျက်ရှိသော လူနာစုစုပေါင်းအင်အား ၅၄၄၁ ဦးတို့ကို စုစုပေါင်းငွေကျပ် ၂၇ သိန်းကျော် တန်ဖိုးရှိ အာဟာရဖြည့်စွက်စာများ ပေးအပ်လှူဒါန်းနိုင်ခဲ့သည်။
ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့၊ ရပ်စောက်မြို့ှနှင့် ကာလိမြို့ တို့ရှိ ပြည်သူ့ဆေးရုံများ၊ မွန်ပြည်နယ်၊ သထုံမြို့၊ ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် ရေးမြို့ ပြည်သူ့ ဆေးရုံ၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ပြည်သူ့ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သလပ်ခွာကျေးရွာ၊ တိုက်နယ်ပြည်သူ့ဆေးရုံ၊ ချင်းပြည်နယ်၊ ဖလမ်းမြို့ ပြည်သူ့ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ ဗဟိုအမျိုးသမီးဆေးရုံနှင့် မကွေးတိုင်းဒေသကြီး၊ စကု တိုက်နယ်ဆေးရုံ၊ ပဲခူးတိုင်းဒေသကြိး၊ ဘုရားကြီးမြို့ တိုက်နယ်ဆေးရုံနှင့် ပေါင်းတည်မြို့နယ်၊ မှတ်တိုင်တိုက်နယ် ဆေးရုံများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ  တာဝန်ရှိသူများက သွားရောက်၍ ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦး လက်ဖက်ရည် ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်)စသည့် အာဟာရဖြည့်စားသောက် ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။