စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ရှိ မြို့စည်ပင်ရုံးနှင့် မြင်းမူမြို့အဝင်ရှိ ရွှေတောင်ကုမ္ပဏီပိုင် တိုးဂိတ်အား PDF အမည်ခံအကြမ်းဖက်သမားများက ဖောက်ခွဲဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ရှိ မြို့စည်ပင်ရုံးနှင့် မြင်းမူမြို့အဝင်ရှိ ရွှေတောင်ကုမ္ပဏီပိုင် တိုးဂိတ်အား PDF အမည်ခံအကြမ်းဖက်သမားများက ဖောက်ခွဲဖျက်ဆီး

 
နေပြည်တော်၊ ဖေဖော်ဝါရီ ၂

 
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ရှိ မြို့စည်ပင်ရုံးနှင့် မြင်းမူမြို့ အဝင်ရှိ ရွှေတောင်ကုမ္ပဏီပိုင်တိုးဂိတ်အား PDF အမည်ခံအကြမ်းဖက်သမားများက ဖောက်ခွဲ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ရာ ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၁၁ နာရီအချိန်တွင် စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ရှိ မြို့နယ်စည်ပင်ရုံးအတွင်းသို့ PDF အမည်ခံအကြမ်းဖက် သမားများက ဝင်ရောက်ဖျက်ဆီးခဲ့၍ အဆိုပါရုံးအဆောက်အဦတွင် တပ်ဆင်ထားသည့် ပြတင်း တံခါးမှန် ၉ ချပ်၊ ဘေစင်တစ်ခုနှင့် Water Cooler တစ်လုံးတို့ ပျက်စီးသွားကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၁၂ နာရီ ၁၀ မိနစ်အချိန်တွင် မြင်းမူမြို့အဝင်၌ ရွှေတောင်ကုမ္ပဏီမှ တည်ဆောက်ထားပြီး လမ်းအသုံးပြုခများ ကောက်ခံလျက်ရှိသည့် တိုးဂိတ်အား PDF အမည်ခံအကြမ်းဖက်သမား ၃၀ ဦးခန့် LIGHT TRUCK မော်တော်ယာဉ်တစ်စီး၊ မော်တော် ဆိုင်ကယ် ၅ စီးတို့ဖြင့် ရောက်ရှိလာပြီး လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် အဆိုပါ တိုးဂိတ်တွင် တပ်ဆင်ထားသည့် CCTV ၁၈ လုံး၊ Industrial Computer ၆ လုံး၊ Touch Monitor ၆ လုံး၊ Sever Reck ၁ လုံး၊ Line Station ၄ လုံးနှင့် တိုးဂိတ်အဆောက်အဦ မျက်နှာကျက်အမိုးများ (စုစုပေါင်းခန့်မှန်းတန်ဖိုး သိန်း ၁,၀၀၀ ကျပ်ခန့်) ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ နိုင်ငံတော်ပိုင်၊ ပုဂ္ဂလိကပိုင်အဆောက်အဦများအား ဖောက်ခွဲဖျက်ဆီးမှုများ ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက နယ်မြေခံတပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်းကာ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။