အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သူများနှင့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ကြေညာထားသည့် အကြမ်း ဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ထောက်ပံ့နေသူများအား ပြစ်ဒဏ် အသီးသီးချမှတ်

အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သူများနှင့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ကြေညာထားသည့် အကြမ်း ဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ထောက်ပံ့နေသူများအား ပြစ်ဒဏ် အသီးသီးချမှတ်

နေပြည်တော်၊ ဇန်နဝါရီ - ၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၅၈)ရပ်ကွက်၊ ဦးအုန်းလွင်လမ်းနေ ထက်ကိုဦး(ခ)ဂတုံး(ဘ)ဦးဌေးအောင် သည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှစ၍ ဆူပူဆန္ဒပြမှုဖြစ်စဉ်များတွင် တတ်ကြွစွာပါဝင်လှုပ်ရှားခြင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၂၁)ဖြင့် အကြမ်းဖက် အုပ်စုများအဖြစ်သတ်မှတ်ကြေငြာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ် ခြင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နဘ်၊ (၈၅)ရပ်ကွက်၊ ဦးအုန်းလွင်လမ်းရှိ အထည်ချုပ်စက်ရုံ အတွင်း၌ FCG-9 သေနတ် ၁ လက်၊ ၉ မမကျည် ၂၃၈ တောင့်၊ ကျည်အိမ် ၃ ခု၊  အပစ်ခလုတ် ၁ ခု၊ သေနတ်ဒင်အစိတ်အပိုင်း ၁ ခု၊ ကိုယ်ထည် အစိတ်အပိုင်း ၁ ခု၊ သေနတ်ပြောင်း ၆ ခု၊ မောင်းပြန်စပရိန် ၁ ချောင်း၊ လက်လုပ်မိုင်း ၄ လုံး၊ TNT မိုင်း ၄ လုံး၊ ယမ်းကြိုး ၁ ထုတ်၊ PVC ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၁ လုံးတို့အား သိမ်းဆည်းထားခဲ့ခြင်းဖြင့် အကြမ်းဖက်ဗုံးခွဲ တိုက်ခိုက် မှုဆိုင်ရာပြစ်မှုကို ကျူးလွန်ခဲ့ခြင်းအတွက်ကြောင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသ ကြီး၊  သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်၊ စံပြ(၁)လမ်း၊အမှတ်(၃၇၁)နေ ဝေယံထက် (ခ)နိုင်ကြီး(ဘ)ဦးဇော်မင်းလှိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၅)ရပ်ကွက်၊ ကြေးတိုင်လမ်း၊ အမှတ်(၂၈)နေ မျိုးမြင့်မြတ်အောင်(ခ)မျိုးကြီး(ခ)အောင်လေး (ဘ)ဦးကျော်ဇေယျအောင်နှင့် (၄၀)ရပ်ကွက်၊ ဗိုလ်တေဇလမ်း၊ အမှတ်(၉၉)နေ ဝင်းဇော်မိုး(ခ)မိုးဟိန်း(ခ)Brain  Wave (ဘ)ဦးကျော်မင်းမင်းကို  တို့သည် တောင်ဉက္ကလာပမြို့မ ရဲစခန်းအား ၄၀ မမလောင်ချာ ၁ လက်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြင့် အများပြည်သူ၏ လုံခြုံရေးကိုဖြစ်စေ၊ အသက်အိုးအိမ်စည်းစိမ်ကို ဖြစ်စေ၊ အများပြည်သူ(သို့မဟုတ်) တစ်ဦးတစ်ယောက်အတွက်အရေးကြီးသော အခြေခံ အဆောက်အဦများကို ဖြစ်စေ၊ နိုင်ငံပိုင်အဆောက်အဦကိုဖြစ်စေ ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေရန်ပြလုပ်ခဲ့ခြင်းကြောင့် လည်းကောင်း စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၀(ဈ)၊ ရာဇသတ်ကြီး ပုဒ်မ-၅၀၅(က)(က)နှင့် ၅၀(က) တို့အရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်တွင်  ၎င်းတို့အား “ထောင်ဒဏ် တစ်သက် ” ပြစ်ဒဏ်ကို အမိန့်ချ မှတ်လိုက်ကြောင်း သိရှိရသည်။
    
အဆိုပါပြစ်ဒဏ်ချမှတ်ခံရသူများအနက်မှ ထွက်ပြေးလွတ်မြောက်နေသူများ အား ၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်း ထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထား ကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှု များဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။