တာချီလိတ်မြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ကုသမှုခံယူနေသူများအား ကြည့်ရှု အားပေး

တာချီလိတ်မြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ကုသမှုခံယူနေသူများအား ကြည့်ရှု အားပေး

နေပြည်တော်၊ ဖေဖော်ဝါရီ - ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီး၌ တက်ရောက် ကုသမှုခံယူလျက်ရှိသော ဒေသခံတိုင်းရင်းသားပြည်သူများအား ယနေ့တွင် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှု၍ တစ်ဦးချင်း၏‌ရောဂါဖြစ်ပွားမှု၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်မှု အခြေအနေများကို မေးမြန်းအားပေး စကားပြောကြားပြီး ထောက်ပံ့ငွေ များနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများပေးအပ်သည်။

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် အဆိုပါဆေးရုံရှိ ကျန်းမာရေးဝန်ထမ်း များနှင့် တွေ့ဆုံပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။