(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီ တိုင်းဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပြိုင်ပွဲ ပြုလုပ်

(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီ တိုင်းဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပြိုင်ပွဲ ပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၃
    
(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာ ဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစား သမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
    
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျောင်းသားအားကစားပြိုင်ပွဲ အဖွင့်ပွဲစဉ်များဖြစ်သည့် အမျိုးသား ဘော်လီဘော ပြိုင်ပွဲတွင် မအူပင်ခရိုင်အသင်းနှင့် မြောင်းမြခရိုင်အသင်း၊ အမျိုးသမီး ဘော်လီ ဘောပြိုင်ပွဲတွင် ပုသိမ်ခရိုင်အသင်းနှင့် မြောင်းမြခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှု များကို ကြည့်ရှုအားပေးကြသည်။
    
အဆိုပါ ကျောင်းသားအားကစားပြိုင်ပွဲတွင် ခရိုင်(၆)ခုမှ အမျိုးသား ၆ သင်း၊ အမျိုးသမီး ၆ သင်းတို့က ဖေဖော်ဝါရီ ၅ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။