မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ရေတိုက်စားပျက်စီးခဲ့သည့် မိုင်းယောင်းမြို့နယ်၊ တာပေါက်ကျေးရွာနှင့် ဝမ်ဖြိုကျေးရွာ ကျေးရွာချင်းဆက်လမ်းအား ပြန်လည်ပြုပြင် ဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ - ၂၄
    
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် နမ့်ကွန်းချောင်းရေကြီးရေလျှံမှုဖြစ်ပွားကာ တာပေါက်ကျေးရွာနှင့် ဝမ်ဖြိုးကျေးရွာ ကျေးရွာချင်းဆက်လမ်းပေါ်ရှိ နမ့်ကွမ်းချောင်း တံတားနှင့် ထိစပ်နေသည့် လမ်းမြေသား ရေတိုက်စားပြိုကျမှုဖြစ်ပေါ်ခဲ့သည်။
    
အဆိုပါလမ်းပျက်စီးမှုဖြစ်ပေါ်ခဲ့သည့်နေရာသို့ ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက သွားရောက်၍ လမ်းပြန်လည်ပြုပြင် ပေးခြင်းနှင့် ပါမန်းကျေးရွာနှင့် ထပ်လုံဘုရားသွား ကားလမ်းပေါ်၌ တင်ကျန်ခဲ့သော ရွှံ့မြေ များအား ရှင်းလင်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။