မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာရေကန်ပြန်လည်တူးဖော်နေမှုနှင့် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများအား သွားရောက်ကြည့်ရှု

မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာရေကန်ပြန်လည်တူးဖော်နေမှုနှင့် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများအား သွားရောက်ကြည့်ရှု

နေပြည်တော်၊ ဖေဖော်ဝါရီ - ၃
    
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာရေကန်ပြန်လည်တူးဖော်နေ မှုနှင့် သန့်ရှင်းသာယာလှပရေးအတွက်  ဆောင်ရွက်နေမှုများကို ယနေ့နံနက်ပိုင်းတွင်  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဉက္ကဋ္ဌ၊ ရန်ကုန် မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကြသည်။
    
ထို့နောက် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မင်္ဂလာရေကန်ရေဝင် ရေထွက်ကောင်းမွန်ရေးအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ စက်ယန္တရားကြီးများဖြင့် မြေသားများ ပြန်လည်ပြုပြင်တည်ဆောက်နေမှုများအား လည်းကောင်း၊ ရေတံခါးများ ကြံခိုင်မှုအား လည်းကောင်း၊ မင်္ဂလာကန်သန့်ရှင်းရေး လှပရေးအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများအား လည်းကောင်း သွားရောက်ကြည့်ရှုပြီး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။