ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် လွိုင်ကော်အကျဉ်း ထောင်အား သွားရောက်ကြည့်ရှု့စစ်ဆေးကာ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၌ မြန်မာနိုင်ငံရဲ

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် လွိုင်ကော်အကျဉ်း ထောင်အား သွားရောက်ကြည့်ရှု့စစ်ဆေးကာ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဖေဖော်ဝါရီ ၃
    
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် လွိုင်ကော် အကျဉ်းထောင်အား သွားရောက်ကြည့်ရှု့စစ်ဆေးကာ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များနှင့် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြားခဲ့သည်။
    
ဖေဖော်ဝါရီလ ၃ ရက်နေ့ နေ့လည်ပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် တာဝန်ရှိသူများလိုက်ပါလျက် ကယားပြည်နယ်၊ လွိုင်ကော်မြို့ အကျဉ်းထောင်အား လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့သည်။ 
    
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ပြည်ထောင်စုဝန်ကြီးက အကျဉ်းဦးစီးဌာနသည် လက်နက်ကိုင် အဖွဲ့အစည်းဖြစ်၍ စနစ်တကျတာဝန်ထမ်းဆောင်နိုင်ရန်လိုအပ်ကြောင်း၊ လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး၊ စည်းကမ်းဖောက်ဖျက်မှုမရှိစေရေးနှင့် သစ္စာရှိ၍ တာဝန်ကျေပွန်စွာ အဖွဲ့စနစ်ဖြင့် လုပ်ငန်းတာဝန် များကိုအောင်မြင်စွာဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ အကျဉ်းသားများအား စည်းကမ်းများ နှင့်အညီထားရှိပြီး ရသင့်ရထိုက်သည့် ကျွေးမွေးမှုများကိုလည်း အရည်အသွေးမှီကောင်းမွန်မှန်ကန်စွာ ကျွေးမွေးရန်လိုအပ်ကြောင်း၊ အကျဉ်းသားများအား ကျန်းမာရေး စောင့်ရှောက်မှုကို ကိုဗစ်-၁၉ ကာကွယ်တားဆီးထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့် အညီဆောင်ရွက်ရေး အသေးစိတ်မှာကြားခဲ့ပါသည်။
    
ထို့နောက် အကျဉ်းထောင်ရှိ မိသားစုဝင်များနှင့်တွေ့ဆုံကာ မိသားစုဝင်အချင်းချင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နေထိုင်ရန်မှာကြားကာ မိသားစုဝင်များအတွက် ထောက်ပံ့ငွေ(၁၀)သိန်း ကျပ်ထောက်ပံ့ပေးအပ်ခဲ့သည်။  
    
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးရှိ ကန္ဒရဝတီခန်းမတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်နှင့် မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားရာ ရဲတပ်ဖွဲ့သည် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်၍ အမိန့်ညွှန်ကြားချက်နှင့်စည်းကမ်းများကိုလိုက်နာရကြောင်း၊ အခြားဌာန များထက် လုံခြုံရေးပိုင်းဆိုင်ရာတွင် ပိုမိုတာဝန်ရှိကြောင်း၊ ဝန်ထမ်းများသည် အမျိုးသားရေးအသိ စိတ်ဓာတ်ဖြင့် တာဝန်ကိုကျေပွန်စွာထမ်းဆောင်ကြရန်လိုအပ်ကြောင်း၊ လုံခြုံရေးအမြင်ရှိရန်နှင့် သတိ ဝီရိယဖြင့် နေထိုင်သွားလာလုပ်ကိုင်ကြရန်လိုအပ်ကြောင်း၊ တာဝန်ရှိသူအဆင့်ဆင့်မှလည်း လုံခြုံရေး ကျိုးပေါက်မှုမရှိစေရေး အမြဲမပြတ်စစ်ဆေးကြပ်မတ်နေရန် လိုအပ်ကြောင်း၊ မိမိ ရုံး/ ရဲစခန်း/ ရဲကင်းများ ရန်သူတိုက်ခိုက်ခံရမှုမရှိစေရေးအတွက် ခံစစ်ပြင်ဆင်ဆောင်ရွက်ထားရှိရန်လိုအပ်ကြောင်း၊ မိသားစုဝင် ရဲမေများအနေဖြင့် မိမိကိုယ်ကိုကာကွယ်ခုခံနိုင်ရေးအတွက် အခြေခံစစ်ပညာတတ်ကျွမ်းပြီး လက်နက်ငယ်ပစ်ခတ်တက်ရန် လိုအပ်သည်အတွက် သင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိကာ သင်ကြားပေးထားသည့် အတတ်ပညာနှင့်အညီလက်တွေ့ လိုက်နာဆောင်ရွက်နိုင်ရန်လိုအပ်ပြီး စဉ်ဆက်မပျက်လေ့ကျင့်မှုပြုလုပ်ရန်လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်တားဆီးထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးဝန်ကြီဌာန၏ စည်းကမ်းသတ်မှတ်ချက်များကို တိတိကျကျလိုက်နာကြရန်နှင့် အလေးထား ဆောင်ရွက်ကြရန် မှာကြား ခဲ့သည်။
    
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများ၏ အခက်အခဲများအား မေးမြန်း၍ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ တပ်ဖွဲ့ဝင်နှင့် မိသားစုများအတွက် ငွေသိန်း(၂၀)ကျပ် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။