နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကယားပြည်နယ်ရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့မိမြို့ဖ များအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကယားပြည်နယ်ရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့မိမြို့ဖ များအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဖေဖော်ဝါရီ - ၃
    
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ခရီးစဉ် တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ကယားပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍  ကယားပြည်နယ်ရှိ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့မိမြို့ဖများအား ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။
    
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အမှာစကားပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲမ သ မာမှု ၁၀ ဒသမ ၄ သန်းကျော်ဖြစ်ပေါ်ခဲ့မှုအပေါ် ရှင်းလင်းဆောင်ရွက်ပေးရန် အကြိမ်ကြိမ် တင်ပြတောင်းဆိုခဲ့သော်လည်း ရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စု လွှတ်တော်၊ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတို့မှ တုန့်ပြန်ဖြေရှင်းချက် တစ်စုံ တစ်ရာမရှိသည့်အပြင် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မဲမသမာမှု ၁၀ ဒသမ ၄ သန်း ကျော်ဖြင့် အနိုင်ရ NLD ပါတီဆောင်ရွက်မှုများမှ လွှတ်တော်အသစ်စတင်ရန် ဆောင်ရွက်လာခြင်းမှာ ရိုးသားမှုမရှိ၊ ပွင့်လင်းမြင်သာမှုမရှိသည့်အပြင် အစိုးရအဖွဲ့များ ဖွဲ့စည်းရန် ဆောင်ရွက်လာခဲ့ကြောင်း၊ တစ်နည်းအားဖြင့် နိုင်ငံတော်အာဏာကို မတရားရယူရန် လုပ်ဆောင်လာခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်လည်း ရိုးသားမှန်ကန်ပြီး ပွင့်လင်းမြင်သာမှုရှိသည်  လွှတ်တော်၊ အစိုးရ ဖြစ်စေရန်နှင့် မရိုးမဖြောင့်မှုကို ဖြေရှင်း ရန်အတွက်  တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ ပုဒ်မ ၄၁၇ ၊ ၄၁၈ နှင့် ၄၁၉ တို့ အရ နိုင်ငံ တော်တာဝန်ကို မဖြစ်မနေထိန်းသိမ်းခဲ့ရခြင်းဖြစ်ကြောင်း၊ ဥပဒေအရ အာဏာထိန်းသိမ်းမှုအပေါ် နိုင်ငံရေးကို ကိုယ်ကျိုးအဖြစ် အသုံးချလိုသူ များနှင့် ပြည်တွင်းရေးအပေါ် အနိုင်ကျင့် စွက်ဖက်လိုသော နိုင်ငံကြီးအချို့၏ သွေးထိုး မြှောက်ပင့်မှုများကြောင့် အာဏာသိမ်းမှုအဖြစ် နားလည်မှုလွဲမှားကာ ပြည်တွင်း ပြည်ပ နိုင်ငံသားအများစုတို့မှ အထင်အမြင်လွဲမှားခဲ့ရကြောင်း။

ဖေဖော်ဝါရီလ ပထမပတ်အတွင်း ငြိမ်းချမ်းစွာဆန္ဒပြမှု Peaceful Protect အဖြစ် ဆန္ဒပြခဲ့သော်လည်း နောက်ပိုင်းတွင် ဆူပူမှုအသွင် Riot အဖြစ်သို့ ရောက်ရှိ လာခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဥပဒေနှင့်အညီ အနိမ့်ဆုံးအဆင့်၊ အနည်းဆုံးအင်အားတို့ဖြင့် ထိန်းသိမ်းခဲ့သည်ကို အခွင့်ကောင်းယူ၍ မင်းမဲ့ စရိုက်ဆန်သည့် Anorchy mob၊ ၎င်းမှ ပုန်ကန်သောင်းကျန်းမှု Insurrection၊ ယင်းမှ အလုံးစုံပျက်သုဉ်းရေးအတွက် အကြမ်းဖက်တိုက်ခိုက်ခြင်း(Terrorism) အသွင်သို့ ကူးပြောင်းလာခဲ့ကြောင်း၊ ဝန်ထမ်းအချို့သည်လည်း ယုံမှားသံသစိတ်နှင့် ခြိမ်းခြောက် ဖိအားပေးမှုများကြောင့် CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြောင်း၊ အလားတူ ပြည်ပ နိုင်ငံကြီးအချို့ကလည်း နိုင်ငံရေး၊ စီးပွားရေးအရ ဖိအားပေး ပိတ်ဆို့မှုများ ဆောင်ရွက် ခဲ့ကြောင်း၊ ဘက်ပေါင်းစုံမှ အခက်အခဲများဖြင့် ၁ နှစ်တာကာလကို ဝန်ထမ်း ကောင်းများ၏ စုပေါင်းညီညာအောင်ကြောင်းဖြာစိတ်ဓာတ်ဖြင့် ကြံ့ကြံ့ခံကာ ရင်ဆိုင် ကျော်လွှားနိုင်ခဲ့ကြောင်း၊ ယခုကဲ့သို့ နိုင်ငံချစ်စိတ်အား အရင်းတည်ကာ ဝန်ထမ်း ဂုဏ်သိက္ခာဖြင့် ရဲဝံ့စွာ ဆောင်ရွက်ခဲ့မှုအပေါ် အသိအမှတ်ပြု ချီးကျူး ပါကြောင်း၊ CDM ဝင်ရောက်သူများ၏ လစ်ဟာသွားသည့် လုပ်ငန်းတာဝန်များအပေါ် အားဖြည့်တာဝန် ထမ်းဆောင်ခဲ့မှုကိုလည်း မှတ်တမ်းတင်ပါကြောင်း။

တပ်မတော်မှ နိုင်ငံတော်အာဏာထိန်းသိမ်းခဲ့ရမှုနှင့် ပတ်သက်၍ အချို့သည် ယနေ့တိုင် အယူအဆ လွဲမှားမှုများ ရှိနေဆဲဖြစ်ကြောင်း၊ ပြည်သူ့ဆန္ဒဖြင့် ရွေးခြယ် ရသည့် ဒီမိုကရေစီစနစ်တွင် အထွေထွေရွေးကောက်ပွဲသည် အသက်တမျှအရေးကြီးပြီး လွတ်လပ်၍ တရားမျှတမှန်ကန်ရန် မဖြစ်မနေ၊ မရှိမဖြစ် လိုကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေး ပါတီများစွာမှ မကျေနပ်ချက်များကို ထုတ်ဖော် ပြောဆိုမှုများရှိခဲ့ကြောင်း၊ အာဏာရပါတီ အနေဖြင့် နိုင်ငံတော်အကြီးအကဲများကို ခန့်အပ် တာဝန်ပေးခဲ့သော်လည်း ၂၀၁၇ ခုနှစ်မှစ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၆၄ ကို ချိုးဖောက်ကာ နိုင်ငံတော်အဆင့် အခွင့် အာဏာ ဖြင့် ပါတီကိစ္စရပ်များလည်း သိသိသာရော၊ မသိမသာတာတွေပါ ဆောင်ရွက်ခဲ့တာတွေ့ရပါ ကြောင်း၊ မဲဆွယ်စည်းရုံး ရေးကာလများအတွင်း အခြားပါတီများကို ကန့်သတ်ချက် များဖြင့် မဲဆွယ်စေခြင်း၊ ရုပ်သံမှ ပါတီအသီးသီး၏ မူဝါဒများရှင်းလင်းမှုအပေါ် တွင်လည်း ယခင် ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများတွင် မပြုလုပ်ခဲ့သည့် ဆင်ဆာဖြတ်တောက်မှုများ ဆောင်ရွက်ခြင်းများ ရှိခဲ့ကြောင်း၊ မဲပေးရာတွင် အငြင်းပွား ဖွယ်ရာ ကြိုတင်မဲကိစ္စရပ်များအပြင် အချိန်ကျော်လွန်မဲပေးမှုများ ရှိခဲ့ကြောင်း၊ အချို့သော ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ရွေးချယ်ခဲ့သည့် ကိုယ်စားလှယ်များ အနေဖြင့် မိမိနှင့် မိမိ မိသားစုမှပေးသည့် ထောက်ခံမဲကိုပင် မရရှိသည်အထိ မဲမသမာမှုများ ရှုပ်ထွေးခဲ့ကြောင်း၊ အဆိုပါ မသင်္ကာဖွယ်ရာ မဲရလာဒ်များနှင့် ပတ်သက်၍ ရှင်းလင်းပေးရန် တပ်မတော်နှင့် နိုင်ငံရေးပါတီများက တောင်းဆိုခဲ့ သော်လည်း မရှင်းလင်းပေးခဲ့ကြောင်း၊ ရိုးသားမှုမရှိသော ရွေးကောက်ပွဲ၏ ရွေးချယ်မှု သည် ရိုးသားဖြောင့်မတ် မှန်ကန်သည့် ကိုယ်စားလှယ်အား ရွေးချယ်နိုင်မည် မဟုတ်ကြောင်း၊ အဆိုပါ ကိုယ်စားလှယ်များမှ နိုင်ငံအကြီးအကဲကို ရွေးချယ်ရမည်ဖြစ် ၍ မှန်ကန်သည့် ခေါင်းဆောင်ကို ရွေးချယ်နိုင်မည် မဟုတ်ကြောင်း။

ထိုသို့ အခြေအနေများကြောင့် တပ်မတော်အနေဖြင့် ပုဒ်မ ၄၁၇၊ ၄၁၈ နှင့် ၄၁၉ တို့အရ အာဏာ ၃ ရပ်ကိုထိန်းသိမ်းခဲ့ရခြင်းဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် စစ်မှန် သည့် ဒီမိုကရေစီကို ခိုင်မာအောင် ထိန်းသိမ်းပေးခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့ရာတွင်လည်း စစ်ဘက်နှင့် အရပ်ဘက်ကို မျှတစွာ ဖွဲ့စည်း၍ တိုင်းရင်းသားများလည်း ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း။

အရေးပေါ်ကာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း စီးပွားရေး အကြပ်အတည်း၊ နိုင်ငံတကာဖိအားနှင့် အကြမ်းဖက်မှုလုပ်ရပ်များကို ပြည်သူလူထုအားကို ရယူ၍ နိုင်ငံ့ဝန်ထမ်းကောင်းများ၊ လုံခြုံရေးတပ်ဖွဲ့များ ပူးပေါင်း ပါဝင်မှုဖြင့် ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြောင်း၊ အရေးပေါ်ကာလပြီးဆုံးပါက ရွေးကောက် ပွဲအတွက် ပြင်ဆင်ဆောင်ရွက်သွားရမည်ဖြစ်ပြီး နယ်မြေအေးချမ်းရန်လိုအပ်ကြောင်း၊ ရွေးကောက်ပွဲအကြိုကာလ လုပ်ငန်းစဉ်များဖြစ်သည့် မဲစာရင်းကောက်ခံခြင်း၊ မဲဆွယ် စည်းရုံးခြင်း၊ မဲရုံထောင်ခြင်းများ ကောင်းမွန်မှန်ကန်စွာ လုပ်ဆောင်နိုင်ရန် လိုအပ်မည် ဖြစ်သကဲ့သို့ မဲပေးသည့် သူများသည်လည်း အကြောက်တရားကင်းစွာဖြင့် ဘေး အန္တရာယ်ကင်းရှင်းစွာ မိမိဆန္ဒနှင့် အညီ မဲပေးခွင့်ရရန် လိုကြောင်း၊ သို့ဖြစ်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်မှ ၂၀၂၂ ခုနှစ်အား ငြိမ်းချမ်းရေးနှစ် အဖြစ် သတ်မှတ်အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း၊ တည်ငြိမ်အေးချမ်းပြီး အကြမ်းဖက်မှုမရှိမှသာ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အစမှ အဆုံး အောင်မြင်နိုင်မည်ဖြစ်ပြီး အောင်မြင်နိုင်အောင်လည်း ပြည်သူတစ်ရပ်လုံးမှ ယုံမှားသံသယကင်းရှင်းစွာဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အကြမ်းဖက်မှု ရှိနေပါလျှင် ရွေးကောက်ပွဲ ကျင်းပ နိုင်ခြင်းရှိမည်မဟုတ်ကြောင်း၊ ရွေးကောက်ပွဲအား ကျင်းပနိုင်ခြင်း မရှိပါက အနိုင်ရ ကိုယ်စားလှယ်လောင်းများ၊ ၎င်းမှ နိုင်ငံတော်အကြီးအကဲများ၊ အစိုးရအဖွဲ့များ ပေါ်ထွက်လာနိုင်မည်မဟုတ်သည်ကို ယနေ့ မတရား အာဏာသိမ်းခြင်းနှင့် အာဏာဝင် ရောက်ထိန်းသိမ်းဆောင်ရွက်နေမှုအပေါ် အယူအဆနှင့် ယုံကြည်မှု လွဲမှားလျက် အကြမ်းဖက်လမ်းစဉ်ကို လျှောက်လှမ်းနေသူများနှင့် မြှောက်ပင့်ပေးနေသူများ သတိပြုရန် လိုအပ်ပါကြောင်း၊ မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ပေးထားသည့် ကတိအတိုင်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ၎င်းအပြင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ မူဝါဒဖြစ်သည့် အမျိုးသားရေး ရည်မှန်းချက်ဖြစ်သည့် တိုင်းပြည် သာယာဝပြောရေးနှင့် စားရေ ရိက္ခာပြည့်ဝရေး၊ နိုင်ငံရေးရည်မှန်းချက်ဖြစ်သည့် စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာစေရေးနဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ကို မျှော်မှန်း၍ တက်ညီလက်ညီ လျှောက်လှမ်း ကြရန်လိုကြောင်း၊ သို့မှသာ နိုင်ငံ့သားကောင်းအဖြစ် တာဝန်ကျေပွန်၍ လိပ်ပြာလုံစွာ ရပ်တည်နေထိုင် နိုင်မည်ဖြစ်ကြောင်း၊ ကယားပြည်နယ်မှ တိုင်းရင်းသားအားလုံး သည်လည်း ပြည်ထောင်စု၏ ညီအစ်ကို မောင်နှမများဖြစ်၍ အရေးကြီးခဲ့ချိန်တွင် သွေးစည်းစွာဖြင့် နယ်ချဲ့ကို တွန်းလှန်ခဲ့သည့် သမိုင်းအထောက်အထားများရှိကြောင်း၊ ပြည်နယ်အတွင်း ဒေသထွက်ကုန်ကောင်းများစွာရှိ၍ စီးပွားဖြစ်ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့နိုင်ခြင်းဖြင့် တစ်ဦးချင်း ဝင်ငွေမြင့်မားပြီး ကယားပြည်နယ်၏ GDP တိုးတက် လာမည်ဖြစ်ကြောင်း၊ “စုပေါင်းညီညာအောင်ကြောင်းဖြာ”ဆိုသည့်အတိုင်း ပြည်နယ်သူ၊ ပြည်နယ်သား အားလုံး၏ စည်းလုံးညီညွတ်စွာ ကြိုးပမ်းမှုဖြင့် တည်ငြိမ်၍ မူလ အခြေအနေထက် ဖွံ့ဖြိုးတိုးတက်မှုပိုမို ကောင်းမွန်သော ပြည်နယ်ကြီးတစ်ခုဖြစ်လာ အောင် ကြိုးပမ်းဆောင်ရွက်သွားရန်လို ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဝန်ထမ်းမိသားစုများအတွက် ထောက်ပံ့ပစ္စည်းများအားပေးအပ်ရာ ဝန်ထမ်းမိသားစုများကိုယ်စား ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်ကျော်အုန်း မှ လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ ကာကွယ်ထိန်းချုပ် ကုသရေးပစ္စည်းများပေးအပ်ရာ ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဌာနမှူး ဒေါက်တာ ဌေးလွင် မှလည်းကောင်း အသီးသီးလက်ခံရ ယူခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များ သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သတင်း ရရှိသည်။