နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကယားပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကယားပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဖေဖော်ဝါရီ - ၃
    
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဦးစောဒန်နီရယ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊  ကယား ပြည်နယ်ဝန်ကြီးချုပ် ဉီးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်၊ တာဝန်ရှိသူများလိုက်ပါ၍  ကယားပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင်ဌာနဆိုင်ရာဝန်ထမ်းများအားပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ယနေ့ နံနက်ပိုင်းတွင် တို့၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ က အဖွင့်အမှာစကား ပြောကြားရာတွင် ကယားပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ ပြန်လည်ဖွံ့ဖြိုးရေး နှင့် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အကြံကောင်းများဖြင့် ပူးပေါင်း ဆောင် ရွက်သွားရန်လိုကြောင်း၊ အချို့သော ဝန်ထမ်းများအနေဖြင့် အမျိုးမျိုးသော သွေးထိုးမှု၊ ခြိမ်းခြောက်မှုတို့ကြောင့် CDM ပြုလုပ်ခြင်းနှင့် အကြောင်းအမျိုးမျိုးဖြင့် ပျက်ကွက်မှုများရှိသော်လည်း ယခုကဲ့သို့ သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းကောင်းများကို လေးစားအသိအမှတ်ပြုပါကြောင်း၊ အခက်အခဲအမျိုးမျိုး ကြားမှ တာဝန်ကို မငြီးမငြူဘဲ ဒေသကိုတိုးတက်ဖွံ့ဖြိုးလိုသော ရည်ရွယ်ချက်ဖြင့် ကြိုး စားနေမှုကိုလည်း ချီးကျူးဂုဏ်ပြုပါကြောင်း၊ အကြမ်းဖက်အဖွဲ့များအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်နေ့တွင် ကယားပြည်နယ်ကို သိမ်းပိုက်မည်ဟူသည့် ကြွေးကြော်မှု၊ ခြိမ်းခြောက်မှုများဖြင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လာခဲ့သော် လည်း သစ္စာရှိ နိုင်ငံ့ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှု၊ ဒေသခံများ၏ ပူးပေါင်းပါဝင်မှု တို့ဖြင့် တွန်းလှန်နိုင်ခဲ့ပါကြောင်း၊ ကယားပြည်နယ် တည်ငြိမ်အေးချမ်းပြီး တရားဉပဒေ စိုးမိုး၍ ဖွံ့ဖြိုးတိုးတက်ရေးမှာ တစ်ဦးကောင်း၊ တစ်ယောက်ကောင်းဖြင့် ဆောင်ရွက်၍ မရဘဲ အားလုံးပါဝင် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြရန် လိုကြောင်း၊ ရှေ့ဆက်၍လည်း ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲ များကို ယခုကဲ့သို့ ဌာနဆိုင်ရာများ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်၍ ကျော်ဖြတ်သွား ရမည်ဖြစ်ကြောင်း။

ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင် ပညာရှင်များနှင့် အမှုထမ်း၊ အရာထမ်းများမှ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသူများက ဆောင်ရွက်ရမည်ဖြစ်၍ အားလုံးပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြည်နယ်သူ၊ ပြည်နယ် သားတို့၏ လူမှုစီးပွားဘဝတည်ငြိမ်ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် က ကယားပြည်နယ်၏ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများ၊ လမ်းပန်းဆက်သွယ်ရေးဆောင်ရွက်ထားမှု အခြေအနေ များ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးသုံးစွဲနေမှုအခြေအနေများ၊ ကျန်းမာရေး၊ ပညာရေး ဆောင်ရွက်မှုအခြေအနေများ၊ ကိုဗစ်- ၁၉ ရောဂါနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ က လယ်ယာသုံးစက်ကိရိယာများ ပြန်လည် စုစည်းထားမှုအခြေအနေများ၊ ပုဂ္ဂလိက စက်မှု လုပ်ငန်းများ လည်ပတ်နိုင်မည့်အခြေအနေများ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်မှု အခြေ အနေများ၊ သတ္တုသန့်စင်စက်ရုံဆိုင်ရာအခြေအနေများ၊ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်သည့်အခြေအနေများ၊ ကျန်းမာရေး၊ ပညာရေးဆောင်ရွက်နေမှု အခြေအနေ များ၊ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု အခြေအနေများ၊ လမ်းပန်းဆက် သွယ်ရေးနှင့် ဆက်သွယ်ရေးဆိုင်ရာအခြေအနေများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်း၍ တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောက် ရွက်ပေးသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ထမ်းဆောင်နေသည့် လုပ်ငန်းပြီးမြောက်အောင်မြင်ရန် ဒေသတည်ငြိမ်အေးချမ်းရေးသည် အရေးကြီးကြောင်း၊ နယ်မြေပြန်လည်တည်ငြိမ် အေးချမ်းချိန်တွင် ခေတ္တရပ်နားထားသည့်လုပ်ငန်းများ အရှိန်အဟုန်ဖြင့် စွမ်းအားပြည့် လည်ပတ်နိုင်ရန် ပြင်ဆင်မှုများ ဆောင်ရွက်ထားရန် လိုကြောင်း၊ ဌာနအလိုက် တစ်နှစ်တာလုပ်ငန်းရည်မှန်းချက်များ ထားရှိပြီးဖြစ်၍ အောင်မြင်အောင်ဆောင်ရွက် ထားရန်လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမျိုးသားရေးရည်မှန်းချက်အဖြစ် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးတို့ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိကြောင်း၊ အဆိုပါ နှစ်ချက်သည် ဆက်စပ်နေပြီး စားရေရိက္ခာဖူလုံရေးအတွက် ၇၀ ရာခိုင်နှုန်းခန့် ရှိသည့် ကျေးလက် နေပြည်သူများ စိုက်ပျိုးမွေးမြူရေးဖြစ်ထွန်းမှုအပေါ်တွင် မှီတည်လျက်ရှိကြောင်း၊ မိသားစု တစ်နိုင်တစ်ပိုင်မှ တစ်အုပ်တစ်မ၊ ၎င်းမှ ပြည်နယ်အဆင့်အထိ မျှော်မှန်း ဆောင်ရွက်ရန်လိုကြောင်း၊ သက်ဆိုင်သည့်ဌာနများ အနေဖြင့်လည်း နည်းပညာ၊ အသိပညာ သွင်းအားစုများ ပံ့ပိုးပေးရန်လိုကြောင်း၊ တစ်ဖက်ကလည်း အရင်းအနှီးလို အပ်မည်ဖြစ်၍ ဒေသတွင်းငွေကြေးစီးဆင်းမှုရှိရန်မှာ လုပ်ငန်းများမရပ်တန့်ဘဲ အရှိန်အဟုန်ဖြင့် လည်ပတ်နေရန် လိုအပ်ကြောင်း၊ ထို့ကြောင့် တည်ငြိမ်အေးချမ်းမှုသည် ဒေသဖွံ့ဖြိုးမှုအတွက် မဖြစ်မနေလိုအပ်ချက်ဖြစ်သဖြင့် ဌာနဆိုင်ရာများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဒေသခံများအားလုံး ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ် ပါကြောင်းဖြင့် မှာကြားသည်။        

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များ သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သတင်း ရရှိသည်။