နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း လွိုင်ကော် တပ်နယ်နှင့် ဖယ်ခုံတပ်နယ်တို့မှ အရာရှိ စစ်သည် မိသားစုများအား တွေ့ဆုံ အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း လွိုင်ကော် တပ်နယ်နှင့် ဖယ်ခုံတပ်နယ်တို့မှ အရာရှိ စစ်သည် မိသားစုများအား တွေ့ဆုံ အမှာစကားပြောကြား

နေပြည်တော်၊ ဖေဖော်ဝါရီ - ၃
    
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဦးစောဒန်နီရယ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊  ကယား ပြည်နယ်ဝန်ကြီးချုပ် ဉီးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်၊ တာဝန်ရှိသူများ လိုက်ပါ၍  ယနေ့တွင် လွိုင်ကော်တပ်နယ်နှင့် ဖယ်ခုံ တပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ က အမှာစကား ပြောကြား ရာတွင် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော် တာဝန်ကို ထိန်းသိမ်းရယူ ဆောင်ရွက်လျက်ရှိသည်မှာ ၁ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ် ကြောင်း၊ ယင်းကာလအတွင်း အခက်အခဲ၊ အကြပ်အတည်းများအား တာဝန်သိ ဝန်ထမ်းကောင်းများဖြင့် အောင်မြင်စွာ ကျော်လွှားဖြတ်သန်းနိုင်ခဲ့ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့်အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များ နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ (၂၀၀၈ ခုနှစ်) ဖွဲ့စည်းပုံအခြေခံ ပုဒ်မ ၄၁၇ အရ သတ်မှတ်ကာလ လွန်မြောက်ချိန်၌ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်   ရွေးကောက်ပွဲမဖြစ်မနေ ကျင်းပပေးရန် ရှိကြောင်း၊ သို့ရာတွင် ထိုသို့ ဆောင်ရွက်နိုင် ရေးအတွက် နယ်မြေတည်ငြိမ်အေးချမ်းပြီး အကြမ်းဖက်မှုများ မရှိရန် အဓိက အရေးကြီးသည်ဖြစ်သောကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဦးစားပေး အကောင် အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG ၊ CRPH နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများ၊ တည်ငြိမ် အေးချမ်းမှုကို မလိုလားသည့် အချို့မီဒီယာမှ လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် မဟုတ်မမှန် ကောလဟလသတင်းများကို ရေးသားဖြန့်ချိလျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် သတင်းမှန်များကို နိုင်ငံပိုင် သတင်းမီဒီယာများမှတဆင့် အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပြသပေးလျက်ရှိကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃၇ တွင်  တပ်မတော်သည်  နိုင်ငံတော်ကာကွယ် ရေးအတွက် အဓိကအကျဆုံးသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်ဟု ပြဌာန်းထားရှိရာ အရာရှိ၊ စစ်သည်များအနေဖြင့် နိုင်ငံတော်ကို ကာကွယ်မည်ဟူသည့် ခံယူချက်၊ ယုံကြည်ချက်မြင့်မားစွာဖြင့်  တာဝန်ထမ်းဆောင်နေကြသူများဖြစ်သည့်အတွက် တုံးတိုက်တိုက်ကျားကိုက်ကိုက် စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ဓာတ်များဖြင့် ပေးအပ်လာသည့် ရည်မှန်းချက်တာဝန်များကို ကျေပွန်စွာထမ်း ဆောင်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ တပ်တွင်းစည်းလုံးညီညွတ်မှုကို ခိုင်မာစွာ တည်ဆောက်ကြရမည်ဖြစ်ပြီး စစ်ရေးအသိ၊ စစ်ရေးသတိ ရှိစွာဖြင့် နေထိုင်သွားလာ လှုပ်ရှားကြရမည်ဖြစ်ကြောင်းနှင့် ဒေသလုံခြုံရေးတာဝန်များကို ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသမျှ ကြိုးပမ်းလုပ်ဆောင်ကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က တပ်နယ်များရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူကြသည်။ 

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များ သည် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် လွိုင်ကော်မြို့၊ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများ၏ ကျန်းမာရေးအခြေ အနေများအား ရင်းရင်းနှီးနှီး သွားရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းနှင့် တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ ခရီးစဉ်တွင် လိုက်ပါ လာသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးစောဒန်နီရယ်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် အဖွဲ့ဝင်များသည်လည်း ဖယ်ခုံမြို့နယ်ရှိ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများအား နယ်မြေခံတပ်ဌာနချုပ်ခန်းမ၌ တွေ့ဆုံခဲ့ပြီး ၎င်းတို့၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။