တရားမဝင်သစ်မျိုးစုံ၊ လူသုံးကုန်၊ စားသောက်ကုန်၊ စိုက်ပျိုးရေးသုံးပစ္စည်းများနှင့် မော်တော်ယာဉ် အပိုပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော်  ဖေဖော်ဝါရီ  ၅

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၄ ရက်တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် လေဆိပ်ကုန်လှောင်ရုံ၌ လေဆိပ်ကုန်လှောင်ရုံ အကောက်ခွန်အဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ ှီု တွင် ကြေညာထားခြင်း မရှိသော လူသုံးကုန်၊ စားသောက်ကုန်၊ စိုက်ပျိုးရေးသုံးပစ္စည်းများနှင့် မော်တော်ယာဉ် အပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ်  ၉၀၇၀၉၀၀) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေ နှင့်အညီ    အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ  ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏   စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး  သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေး အဖွဲ့များဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင် သစ်ခွဲသားမျိုးစုံ (၁၁ ဒသမ ၁၇၈)တန် (ခန့်မှန်းတန်ဖိုး   ငွေကျပ် ၇၈၂၄၃၂) ဖမ်းဆီး ရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဖေဖော်ဝါရီ ၅ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး   သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေး အဖွဲ့များဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူး၊ တောင်ငူနှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင် သစ်မျိုးစုံ (၁၁ ဒသမ ၄၅၇၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၆၁၀၀၀) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ပါ၍ ဖေဖော်ဝါရီ ၄ ရက်နှင့် ၅ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၅)မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၃၂၁၄၃၃၂) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။