နေပြည်တော် စက်တင်ဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက် လျက်ရှိသော တပ်ဖွဲ့ဝင်များ သည် စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၅၀ ခန့်တွင် သမီးလှကျွန်း၏ အရှေ့မြောက်ဘက် ရေမိုင် ၁၂ မိုင်ခန့် အကွာ၌ အလျား ၄၈ ပေ ၄ လက်မ၊ အနံ ၉ ပေ ၁၀ လက်မ၊ ရေစူး ၄ ပေခန့်ရှိ တရား မဝင်ကင်းမွန်မီးထွန်းလှေပေါ်မှ ဦးဇော်စိုး (ဘ)ဦးဟန်တင်အပါအဝင် အမျိုးသား ခြောက်ဦးကိုလည်းကောင်း၊ အလျား ၅၄ ပေ၊ အနံ ၉ ပေ ၁၀ လက်မ၊ ရေစူး ၄ ပေခန့်ရှိ တရားမဝင် ကင်းမွန်မီးထွန်းလှေပေါ်မှ ဦးအောင်လွင် (ဘ)ဦးစစ်စိန်ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
အလားတူ ည ၆ နာရီခွဲခန့်တွင် ဘုတ်ပြင်းမြို့နယ်၊ လငန်းကျွန်း၏အရှေ့ မြောက်ဘက် ရေမိုင် ၅ မိုင်ခန့်အကွာ၌ အလျား ပေ ၄၀၊ အနံ ၁၀ ပေ ၆ လက်မ၊ ရေစူး ၄ ပေ ၂ လက်မခန့်ရှိ စည်းပျက် ကင်းမွန်မီးထွန်းလှေပေါ်မှ ဦးတင့်လွင်မိုး(ဘ)ဦးယုတင်အပါအဝင် အမျိုးသားငါးဦး ကိုလည်းကောင်း၊ အလျား ပေ ၄၀၊ အနံ ၁၂ ပေ၊ ရေစူး ၃ ပေ ၆ လက်မခန့်ရှိ စည်းပျက်ကင်းမွန် မီးထွန်းလှေပေါ်မှ ဦးခင်ဇော်ဦး(ဘ) ဦးမောင်တင်နီ အပါအဝင် အမျိုးသား ငါးဦးကိုလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ကင်းမွန်မီးထွန်းလှေများနှင့်အတူ ဖမ်းဆီးရမိသူများအား ပုလောမြို့နှင့် မြိတ် မြို့တို့ရှိ ငါးလုပ်ငန်း ဦးစီးဌာနများသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
(၁၀၀)