ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆောင်ရွက် လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန် ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ယနေ့တွင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အစည်းအဝေးခန်းမများ၌ ပြုလုပ်ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများ၊  တာဝန်ရှိ သူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် အစည်းအဝေးတွင် တက်ရောက်လာကြ သူများက တိုင်းဒေသကြီးများနှင့် ပြည်နယ်များအတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။