(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တံတားဦး-အင်းဝလမ်းပေါ်ရှိ ပန်းဆေးချောင်းတံတား ဖွင့်ပွဲပြုလုပ်

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တံတားဦး-အင်းဝလမ်းပေါ်ရှိ ပန်းဆေးချောင်းတံတား ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၇
    
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦး-အင်းဝလမ်းပေါ်ရှိ ပန်းဆေး ချောင်းတံတားဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
    
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက တံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဖွင့်ပွဲအထိမ်းအမှတ် ကဗ္ပည်းမော်ကွန်းကျောက်စာအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များက ကဗ္ပည်းမော်ကွန်းကျောက်စာအား အမွှေးနံသာရည်များ ပက်ဖျန်းပေး ကြပြီး တံတားအား ဖြတ်သန်းကြည့်ရှု့စစ်ဆေးကြသည်။
    
အဆိုပါ တံတားအား ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၂၅ ရက်တွင် စတင် ဆောက်လုပ်ခဲ့ပြီး တံတား အရှည်  ၃၀၀ ပေ၊ အကျယ် ၃၁ ပေရှိကာ တန်ဖိုးငွေကျပ် သန်း ၁၁၅၀ ခန့် အကုန်အကျခံတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။