နေပြည်တော် စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ ဝှေရဲကျေး ရွာနေ စိုင်းခွန်း(ဘ)ဦးလုံးဆိုင်၏ နေအိမ် အား စက်တင်ဘာ ၂၃ ရက် ညနေ ၃ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များက သတင်းအရဝင်ရောက် ရှာဖွေရာ ၎င်းင်းနှင့်အတူ စိုင်းဆိုင်(ဘ)ဦးစိုင်းမွန်း၊ လီယား(ဘ)ဦးလောကျူး၊ လော်ရိုး(ဘ) ဦးလောဂျီ နှင့် လော်ဝေါတို့ကို နေအိမ်အိပ်ခန်းအတွင်းရှိဆာလာအိတ်အတွင်း ထည့်ထားသည့် WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၉၉၈၀၀ ပြား၊ နေအိမ် ခြံဝင်းအတွင်း ရပ်တန့်ထားသည့် Tiger အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ် နောက်ခန်းအတွင်းရှိ ဆာလာအိတ်လေး အိတ်အတွင်းမှ WY စာတန်းပါစိတ်ကြွ ရူးသွပ်ဆေးပြား ၄၀၀၀၀၀ ပြား(စုစုပေါင်း မူးယစ် ဆေးဝါးခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၂၄၀၀ ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါဖမ်းဆီးရမိသူများ၊ မော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါးများအား တာချီလိတ်မြို့ မရဲစခန်းမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။
(၁၀၀)