ဘာစီလိုနာအသင်းက ချယ်လ်ဆီးအသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာမည့် အက်ပလီကွီတာနှင့် ခရစ္စတန်ဆန်တို့ကို အကြိုစာချုပ် ချုပ်ဆိုနိုင်ရန် နီးစပ်နေ

ဘာစီလိုနာအသင်းက ချယ်လ်ဆီးအသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာမည့် အက်ပလီကွီတာနှင့် ခရစ္စတန်ဆန်တို့ကို အကြိုစာချုပ် ချုပ်ဆိုနိုင်ရန် နီးစပ်နေ

ဘာစီလိုနာအသင်းက ယခုဘောလုံးရာသီ အကုန်တွင် ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် အက်ပလီကွီတာနှင့် ခရစ္စတန်ဆန်တို့ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် အကြိုစာချုပ် ချုပ်ဆိုနိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။

အက်ပလီကွီတာသည် ၂ဝ၁၂ ခုနှစ်က မာဆေးလ် အသင်းမှ ပြောင်းရွှေ့လာသူဖြစ်ပြီး ချယ်လ်ဆီးအသင်းနှင့် ဆယ်စုနှစ်တစ်ခုကျော်ကြာ ကစားကာ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သူဖြစ်ပြီး ယခုဘောလုံးရာသီ အကုန်တွင်  အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။ 

အလားတူ  ခရစ္စတန်ဆန်သည် ချယ်လ်ဆီးအသင်း အကယ်ဒမီမှ ပေါ်ထွက်ခဲ့သည့် ကစားသမားတစ်ဦးဖြစ် ပြီး ၂ဝ၁၅ ခုနှစ်က ဂလာဘတ်အသင်းသို့ အငှားစာချုပ် ဖြင့်   ပြောင်းရွှေ့ ကစားခဲ့ပြီးနောက်  ၂ဝ၁၇  ခုနှစ်  ဇူလိုင်လက အသင်းနှင့် ပြန်လည် ပူးပေါင်းခဲ့ကာ ယခုဘောလုံးရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးပြီး အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့် ရရှိထားသူ ဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် အစောပိုင်းက ၎င်းတို့နှစ်ဦးကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ဆွေးနွေးမှုများ ပြုလုပ်သော်လည်း အဆင်မပြေခဲ့သောကြောင့်  ယခု ဘောလုံးရာသီ အကုန်တွင်   လက်လွှတ်ရဖွယ်ရှိနေ သည်။  ဘာစီလိုနာအသင်းကလည်း အသင်းဘဏ္ဍာ ရေး အကျပ်အတည်းများကြောင့် အလွတ်ပြောင်းရွှေ့ ကြေးဖြင့်ရရှိမည့် အက်ပလီကွီတာနှင့် ခရစ္စတန်ဆန် တို့ကိုခေါ်ယူရန် လက်ရှိအချိန်ကတည်းက ဆွေးနွေး နေခြင်းဖြစ်ကြောင်း သိရသည်။