ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၁၀၅၂ ဦးတွေ့ရှိ

နေပြည်တော်  စက်တင်ဘာ  ၂၄

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့နံနက် ၈ နာရီ၊ ည ၆ နာရီခွဲနှင့်ည ၈ နာရီတို့ တွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်များအရ  ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာ၁၀၅၂ ဦးနှင့် သေဆုံးသူ ၂၀ ဦးထပ်တိုးကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်များတွင် (၂၃-၉-၂၀၂၀)ရက် ည ၈ နာရီမှ (၂၄-၉-၂၀၂၀)ရက်နံနက် ၈ နာရီအတွင်း COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန(ရန်ကုန်)(NHL)မှ ဒုတိယအသုတ်ဓာတ်ခွဲနမူနာ ၁၅၄၃ ခု၊  ဆေးသုတေသနဦးစီး ဌာန(DMR)မှ ဒုတိယအသုတ်ဓာတ်ခွဲနမူနာ ၂၉၁ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန(မန္တလေး)မှ ဒုတိယအသုတ်ဓာတ်ခွဲနမူနာ ၄၅၅ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန(မော်လမြိုင်)မှ ဒုတိယအသုတ်ဓာတ်ခွဲနမူနာ ၁၈၆ ခု၊ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၇၆ ခု၊ ပြည်သူ့ဆေးရုံကြီး မူဆယ်မြို့မှဓာတ်ခွဲ နမူနာ ၂၃ ခု၊ ပြည်သူ့ဆေးရုံကြီး ကျောက်ဖြူမြို့မှ  ဓာတ်ခွဲနမူနာ  ၁၃  ခု၊ ပြည်သူ့ဆေးရုံကြီး မြိတ်မြို့မှ ဓာတ်ခွဲနမူနာ သုံးခု၊ ပြည်သူ့ဆေးရုံကြီး တောင်ငူမြို့မှ ဓာတ်ခွဲနမူနာငါးခု၊ ပြည်သူ့ဆေးရုံကြီး ပြည်မြို့မှ ဓာတ်ခွဲ နမူနာ ၁၂ ခု၊ ပြည်သူ့ဆေးရုံကြီး တီးတိန်မြို့မှ ဓာတ်ခွဲနမူနာ ၁၂ ခု၊ ပြည်သူ့ဆေးရုံကြီး မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာနှစ်ခု၊ ပြည်သူ့ဆေးရုံကြီး ကျိုင်းတုံမြို့မှ ဓာတ်ခွဲနမူနာနှစ်ခု၊  ပြည်သူ့ဆေးရုံကြီး ဗန်းမော်မြို့မှ ဓာတ်ခွဲနမူနာတစ်ခု၊  ပြည်သူ့ဆေးရုံကြီး မြဝတီမြို့မှ ဓာတ်ခွဲနမူနာငါးခု၊  ပြည်သူ့ဆေးရုံကြီး မကွေးမြို့မှ ဓာတ်ခွဲနမူနာ ၁၁ ခု၊ ပြည်သူ့ဆေးရုံကြီး ဘားအံမြို့မှ ဓာတ်ခွဲနမူနာ ၁၄ ခု၊ ပြည်သူ့ဆေးရုံကြီး  ပုသိမ်မြို့မှ  ဓာတ်ခွဲနမူနာ  ၁၆ ခု၊ ပြည်သူ့ဆေးရုံကြီး ထားဝယ်မြို့မှ ဓာတ်ခွဲနမူနာလေးခု၊ ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၉၃၀ ခုနှင့် နေပြည်တော် တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ မှဒုတိယအသုတ်ဓာတ်ခွဲနမူနာ ၁၆၆ ခု စုစုပေါင်းဓာတ်ခွဲနမူနာ ၃၇၇၀ ခုတို့အား ထပ်မံစစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ် ၅၃၅ ဦးတွေ့ရှိ သည်။

(၂၄-၉-၂၀၂၀)ရက် နံနက် ၈ နာရီအထိ ထပ်မံသေဆုံးသူသုံးဦးရှိသည်။

 (၂၃-၉-၂၀၂၀)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာ ရေးဓာတ်ခွဲမှု ဆိုင်ရာဌာန(ရန်ကုန်)(NHL)မှ ဓာတ်ခွဲနမူနာ ၂၂၇၅ ခု၊ ဆေးသုတေသန ဦးစီးဌာန(DMR)မှ ဓာတ်ခွဲနမူနာ ၅၉၄ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန (မန္တလေး)မှ ဓာတ်ခွဲနမူနာ ၈၈၉ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်)မှ ဓာတ်ခွဲနမူနာ ၄၃၀ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)မှ ဓာတ်ခွဲ နမူနာ ၁၃၀ ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၂၅ ခု၊ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၇၆ ခု၊ ပြည်သူ့ဆေးရုံကြီး မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ ၂၃ ခု၊ ပြည်သူ့ဆေးရုံကြီး ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ ၁၃ ခု၊ ပြည်သူ့ ဆေးရုံကြီး မြိတ်မြို့မှ ဓာတ်ခွဲနမူနာ သုံးခု၊ ပြည်သူ့ဆေးရုံကြီး တောင်ငူမြို့မှ ဓာတ်ခွဲနမူနာ ငါးခု၊ ပြည်သူ့ဆေးရုံကြီး ပြည်မြို့မှ ဓာတ်ခွဲနမူနာ ၁၂ ခု၊ ပြည်သူ့ဆေးရုံကြီး တီးတိန်မြို့မှ ဓာတ်ခွဲနမူနာ ၁၂ ခု၊ ပြည်သူ့ဆေးရုံကြီး မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာ နှစ်ခု၊ ပြည်သူ့ ဆေးရုံကြီး ကျိုင်းတုံမြို့မှ ဓာတ်ခွဲနမူနာ နှစ်ခု၊ ပြည်သူ့ဆေးရုံကြီး ဗန်းမော်မြို့မှ ဓာတ်ခွဲ နမူနာ တစ်ခု၊ ပြည်သူ့ဆေးရုံကြီး မြဝတီမြို့မှ ဓာတ်ခွဲနမူနာ ငါးခု၊ ပြည်သူ့ဆေးရုံကြီး မကွေးမြို့မှ ဓာတ်ခွဲနမူနာ ၁၁ ခု၊ ပြည်သူ့ဆေးရုံကြီး ဘားအံမြို့မှ ဓာတ်ခွဲနမူနာ ၁၄ ခု၊  ပြည်သူ့ဆေးရုံကြီး ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ ၁၆ ခု၊ ပြည်သူ့ဆေးရုံကြီး ထားဝယ်မြို့မှ ဓာတ်ခွဲနမူနာ လေးခု၊  ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၉၃၀ ခုနှင့် နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၄၀၀ ခု စုစုပေါင်း ဓာတ်ခွဲနမူနာ ၅၈၇၂ ခုအား စစ်ဆေးခဲ့ခြင်းဖြစ်ပြီး COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် ၈၆၉ ဦးတွေ့ရှိခဲ့သည်။ (ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၃၄ ဦးတွေ့ရှိ ကြောင်းကို (၂၃-၉-၂၀၂၀)ရက် ည ၈ နာရီသတင်းတွင် ထုတ်ပြန်ပြီးဖြစ်သည်။)

(၂၃-၉-၂၀၂၀)ရက်တွင်  ဓာတ်ခွဲစစ်ဆေးတွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ ၈၆၉ ဦး၏ မြို့နယ်အလိုက်တွေ့ရှိရမှုအခြေအနေများကိုဖော်ပြအပ်ပါသည်။

(၂၄-၉-၂၀၂၀)ရက် နံနက် ၈ နာရီမှ ည ၈ နာရီအတွင်း COVID-19 ဓာတ်ခွဲစစ်ဆေး ချက်များအရ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)မှ ပထမအသုတ် ဓာတ်ခွဲနမူနာ ၁၀၂၇  ခု၊ ဆေးသုတေသနဦးစီးဌာန(DMR)မှ ဓာတ်ခွဲနမူနာ ၄၉၈ ခု၊  ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန(မန္တလေး)မှ ပထမအသုတ်ဓာတ်ခွဲနမူနာ ၃၈၂ ခု၊ ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)မှ ပထမအသုတ်ဓာတ်ခွဲနမူနာ ၁၄၂ ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၂၅ ခု၊ ပြည်သူ့ဆေးရုံကြီး ဗန်းမော်မြို့မှ ဓာတ်ခွဲနမူနာတစ်ခု၊ ပြည်သူ့ဆေးရုံကြီး ထားဝယ်မြို့မှ ဓာတ်ခွဲနမူနာနှစ်ခု၊ ပြည်သူ့ဆေးရုံကြီး မြစ်ကြီးနားမြို့မှ ဓာတ်ခွဲနမူနာသုံးခု၊ ပြည်သူ့ဆေးရုံကြီး မူဆယ်မြို့မှ ဓာတ်ခွဲနမူနာငါးခု၊ ပြည်သူ့ဆေးရုံကြီး ပြင်ဦးလွင်မြို့မှ ဓာတ်ခွဲနမူနာတစ်ခု၊ ပြည်သူ့ ဆေးရုံကြီး စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၃၉ ခု၊ ပြည်သူ့ဆေးရုံကြီး ဟားခါးမြို့မှ ဓာတ်ခွဲနမူနာ ၁၆ ခု၊ ပြည်သူ့ဆေးရုံကြီး မြိတ်မြို့မှ ဓာတ်ခွဲ နမူနာခြောက်ခု၊ ပြည်သူ့ဆေးရုံကြီး ဘားအံမြို့မှ ဓာတ်ခွဲနမူနာလေးခု၊  ပြည်သူ့ဆေးရုံကြီး ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ ၃၅ ခု၊ ပြည်သူ့ဆေးရုံကြီး မြဝတီမြို့မှ ဓာတ်ခွဲနမူနာ ၁၂ ခု၊ ပြည်သူ့ဆေးရုံကြီး မကွေးမြို့မှ ဓာတ်ခွဲ နမူနာ ၁၁ ခု၊ ပြည်သူ့ဆေးရုံကြီး တောင်ငူမြို့မှ ဓာတ်ခွဲနမူနာ ရှစ်ခု၊ ပြည်သူ့ဆေးရုံကြီး မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာတစ်ခု၊ နေပြည် တော်ရှိ တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၂၀၁ ခုနှင့် စစ်တွေမြို့ရှိ တပ်မတော်ဆေးရုံ ခုတင်-၁၀၀ မှ ဓာတ်ခွဲနမူနာ ခုနစ်ခု စုစုပေါင်း  ၂၄၂၆ ခုအား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် ၅၁၇ ဦးတွေ့ရှိရသည်။

(၂၄-၉-၂၀၂၀)ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာ ၈၃၄၄ ဦးရှိပြီဖြစ်သည်။ ဓာတ်ခွဲအတည်ပြုလူနာဟောင်း (old confirmed case) များအနက် စုစုပေါင်း ၂၃၈၁ ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။ ယနေ့အထိ  ဓာတ်ခွဲ အတည်ပြုလူနာများအနက် သေဆုံးသူပေါင်း ၁၅၀ ဦးရှိသည်။

(၂၃-၉-၂၀၂၀)ရက် မွန်းတည့် ၁၂ နာရီမှ (၂၄-၉-၂၀၂၀)ရက် မွန်းတည့်  ၁၂ နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် ၄၁၆ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။                                

 (၅၀၀)