ကျောက်ကြီးမြို့နယ်၌ အမျိုးသား ဘောလုံးပြိုင်ပွဲနှင့် ဖူဆယ်ဘောလုံး ပြိုင်ပွဲကျင်းပ

ကျောက်ကြီးမြို့နယ်၌ အမျိုးသား ဘောလုံးပြိုင်ပွဲနှင့် ဖူဆယ်ဘောလုံး ပြိုင်ပွဲကျင်းပ

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် နတ်သံကွင်းကျေးရွာအုပ်စု နတ်သံကွင်းကျေးရွာ အားကစားကွင်း၌ ဖေဖော်ဝါရီ ၇ ရက် ညနေ ၄ နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ စီမံမှုဖြင့် အမျိုးသား ဘောလုံးပြိုင်ပွဲနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲကို ကျင်းပသည်။

အမျိုးသားဘောလုံး အားကစား ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ခြောက်သင်း အုပ်စုပတ်လည်စနစ်ဖြင့် လည်းကောင်း၊ ဖူဆယ် အားကစားပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ခြောက်သင်းအုပ်စုပတ်လည်စနစ်ဖြင့် လည်းကောင်း ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဖေဖော်ဝါရီ၁၂ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

စိန်ရတုပြည်ထောင်စုနေ့တွင်လည်း မြန်မာ့ရိုးရာ ခြင်းအလှခတ်ပွဲ၊ တာတိုအပြေးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲနှင့် အခြားအားကစားပြိုင်ပွဲများ ထည့်သွင်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။