နေပြည်တော် စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းလားမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ ဝင်များသည် ယနေ့နံနက် ၁၁ နာရီခွဲခန့်တွင် ဝမ်တာပင်းကျေးရွာ၏ အနောက်ဘက် မီတာ၂၀၀၀ ခန့်အကွာရှိ တောင်ယာတဲအနီး ငရုတ်ခြံအတွင်း မြေကျင်းတူး၍ ဝှက်ထားသည့် အိုက်စ် ၁ ကီလိုဂရမ်ပါ အထုပ်ခြောက်ထုပ်၊ ၆ ကီလိုဂရမ်(ခန့်မှန်း တန်ဖိုးငွေကျပ်သိန်း ၁၂၀၀)ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ကျိုင်းတုံမြို့ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
(၁၀၀)