(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုအထိမ်းအမှတ်အဖြစ် ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီး သို့ စုပေါင်းသွေးလှူဒါန်း

(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုအထိမ်းအမှတ်အဖြစ် ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီး သို့ စုပေါင်းသွေးလှူဒါန်း

နေပြည်တော်၊ ဖေဖော်ဝါရီ - ၉
    
အနောက်တောင်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဌာနဆိုင်ရာ ဝန်ထမ်း စုစုပေါင်း ၁၂၀ ဦးတို့၏ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုအထိမ်းအမှတ်စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်သည်။
    
အဆိုပါသွေးလှူဒါန်းပွဲသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့်အဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများက သွားရောက်ကြည့်ရှုအားပေးပြီး သွေးလှူရှင်များအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် အားဆေးများ ပေးအပ်သည်။ အဆိုပါ စုပေါင်းသွေးလှူဒါန်းခဲ့ကြသည့် 500 ml သွေး(၁၂၀)လုံးမှာ ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံတက်ရောက်ကုသလျက်ရှိသော လူနာများအရေးပေါ်သွေးလိုအပ်ပါက အသုံးပြု နိုင်ရန် အတွက်ဖြစ်ကြောင်း သတင်းရရှိသည်။