ပုသိမ်မြို့နှင့် ကျိုက်လတ်မြို့ရှိ ကိုဗစ်- ၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာများ ထားရှိရန် ကုသဆောင်ပြင်ဆင်မှုများအားကြည့်ရှု၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး 

ပုသိမ်မြို့နှင့် ကျိုက်လတ်မြို့ရှိ ကိုဗစ်- ၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာများ ထားရှိရန် ကုသဆောင်ပြင်ဆင်မှုများအားကြည့်ရှု၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး 

နေပြည်တော်၊ ဖေဖော်ဝါရီ - ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပြည်သူ့ဆေးရုံကြီးနှင့် ကျိုက်လတ်မြို့ရှိ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာတို့၌ ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာများ ထားရှိရန် ကုသဆောင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြသည်။

ထို့အပြင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ကုသမှုခံယူ လျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား ဖေဖော်ဝါရီ ၈ ရက်တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏‌ရောဂါဖြစ်ပွားမှု၊ ဆေးဝါး ကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများကို မေးမြန်းအားပေး စကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်းလှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။