တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက် လက် ပို့ဆောင်
နေပြည်တော်၊ ဖေဖော်ဝါရီ - ၉
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများ နှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို တပ်မတော်သား ဆရာ ဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက် အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်း ကြောင်းစံချိန် စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော် ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့ နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင် ခန်း၌ ထားရှိသည့် ဆေးတစ်လုံးလျှင် လူငါးယောက်ထိုးနိုင်သော Sputnik Light ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ယနေ့တွင် ပခုက္ကူမြို့သို့ ကာကွယ်ဆေး ၁၂၀၀လုံး၊ မကွေးမြို့သို့ ကာကွယ်ဆေး ၁၆၀၀လုံး၊ ဆင်ပေါင်ဝဲမြို့သို့ ကာကွယ် ဆေး ၁၆၀၀လုံး၊ သရက်မြို့သို့ ကာကွယ်ဆေး ၈၀၀လုံး၊ ပွင့်ဖြူမြို့ သို့ ကာကွယ်ဆေး ၈၀၀လုံး၊ အောင်လံမြို့သို့ ကာကွယ်ဆေး ၄၀၀လုံး၊ မင်းလှမြို့သို့ ကာကွယ်ဆေး ၂၀၀လုံး၊ လက်ပံတန်းမြို့သို့ ကာကွယ်ဆေး ၃၀၀လုံး၊ ဇီးကုန်းမြို့သို့ ကာကွယ်ဆေး ၃၀၀လုံး၊ ပေါင်းတည်မြို့သို့ ကာကွယ်ဆေး ၃၀၀လုံး၊ နတ်တလင်း မြို့သို့ ကာကွယ်ဆေး ၃၀၀လုံး၊ မော်လမြိုင်သို့ ကာကွယ်ဆေး ၄၈၀၀လုံး၊ ကျိုက်ထိုမြို့သို့ ကာကွယ်ဆေး ၁၆၀၀လုံး၊ သံဖြူဇရပ်မြို့သို့ ကာကွယ်ဆေး ၁၆၀၀လုံး၊ စစ်တွေမြို့သို့ ကာကွယ်ဆေး ၃၂၀၀လုံး၊ ရန်ကုန်မြို့သို့ ကာကွယ်ဆေး ၄၀၀လုံးတို့ကို Cold Chain Delivery Logistics မော်တော်ယာဉ် ကြီးများဖြင့် ပို့ဆောင်ပေးခဲ့ပြီး တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက် ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။