တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း
နေပြည်တော်၊ ဖေဖော်ဝါရီ - ၉
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မဟာဗောဓာရုံကျောင်းတိုက်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့ရှိ ဈေးတန်း ဘုန်းကြီးကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်ရှိ သုခိတာရုံကျောင်းတိုက်၊ ဒိုက်ဦးကျောင်းတိုက်၊ ပွင့်ဦးကျောင်းတိုက်၊ ပညာတံခွန် ကျောင်းတိုက်၊ ဘဝမ်းကျောင်းတိုက်၊ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာရှိ ဓါတုမယကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မရမ်းကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သုဝဏ္ဏဘူမိတပ်ဦး ဘုန်းတော်ကြီးကျောင်းတိုက်၊ အမ်းမြို့နယ်၊ တပ်ဦးဘုန်းတော်ကြီးကျောင်း၊ တောင်ကုတ်မြို့နယ်၊ သဒ္ဓမ္မရောင်ရှိန် ဘုန်းတော်ကြီးကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြန်အောင်ကျောင်းတိုက်နှင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ နဝင်းရပ်ကွက်၊ ဝိသုဒ္ဓါရုံ ဗာရာဏသီ ဘုန်းတော်ကြီးကျောင်းတို့ရှိ ဆရာတော်၊ သံဃာတော်များ၊ သာသနာ နွယ်ဝင်သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မ အလှူငွေများကိုဗစ်-၁၉ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်း များနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိ သူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မဟာဗောဓာရုံကျောင်းတိုက်ရှိ သံဃာတော်များအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မှဆေးအဖွဲ့ များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။