၂ဝ၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် ပါဝင်ဆင်နွှဲကြမည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့များနှင့်ကျောင်းသား၊ ကျောင်းသူများအား မြဝတီတေးဂီတအဖွဲ့က ဂုဏ်ပြုဖျော်ဖြေ

၂ဝ၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် ပါဝင်ဆင်နွှဲကြမည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့များနှင့်ကျောင်းသား၊ ကျောင်းသူများအား မြဝတီတေးဂီတအဖွဲ့က ဂုဏ်ပြုဖျော်ဖြေ

နေပြည်တော်  ဖေဖော်ဝါရီ   ၉

၂ဝ၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကို နေပြည်တော်ရှိ ဗိုလ်ရှုခံရင်ပြင်၌ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ခမ်းနားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ အဆိုပါပြည်ထောင်စုနေ့ အခမ်းအနား၌ ချီတက် အလေးပြုကြမည့် စစ်ကြောင်း၊ တပ်ခွဲများနှင့်အတူ ပြည်ထောင်စုနယ်မြေနှင့်   ပြည်နယ်၊ တိုင်းဒေသကြီးကိုယ်စားပြု ရိုးရာအလှပြယာဉ်များ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဖွဲ့များနှင့် ကျောင်းသား၊ ကျောင်းသူများပါ တက်ကြွစွာ ပါဝင်ဆင်နွှဲ ကြမည်ဖြစ်သည်။

အဆိုပါ(၇၅)နှစ်မြောက်   စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် ပါဝင်ဆင်နွှဲကြမည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများအား နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ တည်းခိုနေထိုင်စေလျက်ရှိပြီး ယနေ့ညနေပိုင်း၌  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီအငြိမ့်အဖွဲ့နှင့်   မြဝတီတေးဂီတ အဖွဲ့များရှိ စစ်သည်၊ စစ်သမီးများက အကအလှများ၊ တေးသီချင်းများဖြင့်  ဂုဏ်ပြုသီဆိုဖျော်ဖြေ ခဲ့ကြောင်းနှင့် တက်ရောက်အားပေးသည့် ပရိသတ်များမှလည်း   စိတ်လက်ရွှင်လန်း ပျော်ရွှင်စွာဖြင့် ကြည့်ရှုအားပေးခဲ့ကြကြောင်း  သတင်း ရရှိသည်။