COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန် အဟာရဖြည့် စားသောက်ဖွယ်ရာများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၂၅

ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေး ဌာနများ၌ ဆေးရုံတက်ရောက် ကုသမှုခံယူနေသူများ၊ လူနာစောင့်များ၊ ကျန်းမာရေး ဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် အာဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ်များအလိုက် တပ်မတော်သားများက သွားရောက် ပေးအပ်လှူဒါန်းလျက်ရှိသည်။

ယနေ့တွင် ကချင်ပြည်နယ်၊ ပူတာအိုမြို့ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုနှင့် သီပေါတို့ရှိ ပြည်သူ့ဆေးရုံများ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့၊ မိုင်းရှူးမြို့နှင့် လင်းခေးမြို့တို့ရှိပြည်သူ့ဆေးရုံများနှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့် ဖရူဆိုမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နှင့် မိုင်းတုံမြို့တို့ရှိပြည်သူ့ဆေးရုံများ၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ရှမ်းရွာသစ်မြို့၊ ရှမ်းရွာသစ်တိုက်နယ်ဆေးရုံ၊ ကော့ကရိတ်မြို့ ပြည်သူ့ဆေးရုံ၊ နဘူးတိုက်နယ်ဆေးရုံနှင့် ကျုံဒိုးတိုက်နယ်ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ၊  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အမျိုးသမီးသားဖွား မီးယပ်နှင့် ကလေးဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံနှင့် ယင်းတော် တိုက်နယ်ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ  တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်၍ ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦး လက်ဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်)စသည့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။