အုန်းထွက်ပစ္စည်းများ စီးပွားဖြစ် ပိုမိုထုတ်လုပ်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် အုန်းအခြေခံ စားသောက်ကုန်၊ လူသုံးကုန်နှင့် အုန်းအမာခွံ လက်မှုထည် သင်တန်းဆင်းပွဲပြုလုပ်

အုန်းထွက်ပစ္စည်းများ စီးပွားဖြစ် ပိုမိုထုတ်လုပ်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် အုန်းအခြေခံ စားသောက်ကုန်၊ လူသုံးကုန်နှင့် အုန်းအမာခွံ လက်မှုထည် သင်တန်းဆင်းပွဲပြုလုပ်

နေပြည်တော်  ဖေဖော်ဝါရီ  ၁ဝ

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ကိုကိုးကျွန်းမြို့နယ်    ဖွံ့ဖြိုးတိုးတက်ရေး အတွက် အုန်းထွက်ပစ္စည်းများအား ယခင်ထက် ပိုမိုစီးပွားဖြစ် ထုတ်လုပ်နိုင်ရေးနှင့် ထုတ်ကုန်ပစ္စည်းများအား  ဈေးနှုန်းသက်သာစွာ ထုတ်လုပ်ရောင်းချနိုင်ရန် အတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဇန်နဝါရီ၂၇ ရက်မှ စတင်ဖွင့်လှစ်ခဲ့သည့် အုန်းအခြေခံ စားသောက်ကုန်၊ လူသုံးကုန်နှင့် အုန်းအမာခွံ လက်မှုထည် သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီ ၉ ရက်တွင်   ကိုကိုးကျွန်းမြို့နယ် ခန်းမ၌ ပြုလုပ်သည်။

သင်တန်းဆင်းပွဲသို့   နယ်မြေခံတပ်မှ တပ်မတော်အရာရှိကြီးများ၊   ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြပြီး သင်တန်းကာလအတွင်း အုန်းအခြေခံစားသောက်ကုန် (၁၂)မျိုး၊ လူသုံးကုန် (၄)မျိုးနှင့် အုန်းအမာခွံ လက်မှုထည် (၁ဝ) မျိုးတို့၏  ထုတ်လုပ်ပုံ အဆင့်ဆင့်တို့ကို     လက်တွေ့လေ့ကျင့် သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ဒေသခံသင်တန်းသား၊ သင်တန်းသူ(၂၁)ဦးဖြင့် ဖွင့်လှစ်သင်ကြား ပေးခဲ့ပြီး အုန်းအခြေခံ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ခြင်းဖြင့် ကိုကိုးကျွန်းဒေသတွင် ပေါများစွာထွက်ရှိသော အုန်းသီးများကို အလေအလွင့် ဆုံးရှုံးမှုမရှိစေဘဲ ကျန်းမာရေးနှင့် ညီညွတ်၍   အာဟာရတန်ဖိုးများစွာ ပါဝင်သည့် စားသောက်ကုန်ပစ္စည်း များနှင့် ဘေးအန္တရာယ် ကင်းရှင်း၍ အရည်အသွေး ကောင်းမွန်သည့်    လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်လာနိုင်မည့်အပြင် ကိုကိုးကျွန်းဒေသ အတွင်းရှိပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့်  မိသားစုဝင်ငွေ   ပိုမိုတိုးတက် လာနိုင်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။