ထာဝရငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ခြင်းနှင့် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့  ဖိတ်ကြားခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေး အဖွဲ့ချုပ်၏ သဘောထား ထုတ်ပြန်ခြင်း

ထာဝရငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ခြင်းနှင့် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့  ဖိတ်ကြားခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေး အဖွဲ့ချုပ်၏ သဘောထား ထုတ်ပြန်ခြင်း

၆-၂-၂ဝ၂၂ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ကြေညာချက် အမှတ် ၁/၂ဝ၂၂ ဖြင့် စိန်ရတုပြည်ထောင်စုနေ့နှင့် ကြုံကြိုက်သည့် အခါသမယတွင် တိုင်းရင်းသား အဖွဲ့အစည်းအားလုံးတို့အား စည်ကားသိုက်မြိုက်စွာ ကျင်းပမည့် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ အချိန်မီတက်ရောက်ကြပါရန်နှင့် ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးကြပါရန် အထူးဖိတ်ကြားအပ်ပါကြောင်း ထုတ်ပြန် ကြေညာခဲ့ပါသည်။

အဆိုပါကြေညာချက်သည် မြန်မာနိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန်နှင့် ဆွေးနွေးရာတွင်  ဆွေးနွေးမည့် အကြောင်းအရာနှင့်ပတ်သက်၍    ကန့်သတ်ချက်မထားဘဲ လွတ်လွတ်လပ်လပ် နှီးနှောဖလှယ်နိုင်ရန် ရည်ရွယ်ထားပြီး မြန်မာနိုင်ငံတော်ကြီး အမြန်ငြိမ်းချမ်းလျက် ထာဝရငြိမ်းချမ်းရေး ပန်းတိုင်ဆီသို့   စတင်လျှောက်လှမ်းနိုင်မည့် ခြေလှမ်းသစ်ဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေး အဖွဲ့ချုပ်အနေဖြင့် ယုံကြည်မျှော်လင့်မိပါသည်။

သို့ပါသောကြောင့် တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးအနေဖြင့် ထာဝရငြိမ်းချမ်းရေး အတွက် ရှေးရှုဆွေးနွေးနိုင်ရေး ဆွေးနွေးပွဲနှင့် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်နိုင်ကြပါရန်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက် သာယာစည်ပင်စေရေး အတူလက်တွဲ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးနိုင်ကြပါရန် တစ်နိုင်ငံလုံးရှိ ဟိန္ဒူဘာသာဝင်များ ကိုယ်စား တိုက်တွန်းနှိုးဆော် မေတ္တာရပ်ခံအပ်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်