ပြည်ပနိုင်ငံများမှ ပြန်လည် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ်အသီးသီးတွင် ဆက်လက် လက်ခံလျက်ရှိ

ပြည်ပနိုင်ငံများမှ ပြန်လည် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ်အသီးသီးတွင် ဆက်လက် လက်ခံလျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ  ၁ဝ

ပြည်ပနိုင်ငံများမှ  ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီး သီးတွင် လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၉ ရက်တွင်  ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့သို့  ပြန်လည်ဝင် ရောက်လာသူ အမျိုးသား ၆၁ ဦး၊ အမျိုး သမီး ၃၁ ဦး၊ စုစုပေါင်း ၉၂ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုး သမီး ၁ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည် ဝင်ရောက်လာသူ အမျိုးသား ၁ ဦးတို့ကို အသီးသီး လက်ခံခဲ့ကြသည်။

ထိုသို့လက်ခံရာတွင်   သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ဆေး တပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါစစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက်အထား စာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားခြင်း တို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ များက စီစဉ်ဆောင်ရွက်ပေးသည့် ခရီးသည် တင်မော်တော်ယာဉ်များဖြင့် ၎င်းတို့နေရပ်အသီးသီးသို့ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း နှင့် ရောဂါပိုးတွေ့ရှိသူများအား သက်ဆိုင်ရာနေရာများတွင် သီးသန့်ထားရှိ၍ လိုအပ် သည့် ကျန်းမာရေး ဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို အဆင်ပြေချောမွေ့ အောင်  ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။