(၇၅)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသင်း လိုက် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုပေးပွဲပြုလုပ်
နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၁
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်တို့မှ ကြီးမှူး၍ (၇၅)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသင်းလိုက် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုပေးပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့တော် ဂေါက်ကွင်း(ငွေသော်တာ)၌ ပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံဂေါက်သီး အားကစားအဖွဲ့ချုပ် ဉက္ကဋ္ဌ ဦးကိုကိုအေး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက် ကြသည်။
ဆုပေးပွဲတွင် အသင်းအလိုက်တံခွန်စိုက်ဖလားရရှိသော ကယား(က) အသင်းအား တိုင်းမှူးကလည်းကောင်း၊ ပထမ၊ ဒုတိယ၊ တတိယရရှိသော အသင်းများအား တာဝန်ရှိသူ များကလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။ အဆိုပါ ဂေါက်သီးရိုက် ပြိုင်ပွဲကို တိုင်းနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အမျိုးသား ၁၀၈ ဦးနှင့် အမျိုးသမီး ၂၁ ဦးတို့ဖြင့် ဖေဖော်ဝါရီ ၉ ရက်မှ ယနေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။