အနောက်တောင်တိုင်းစစ်ဌာနချုပ်၌ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုပေးပွဲပြုလုပ်
နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၁
အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့ ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ပုသိမ်တပ်နယ်အားကစားကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အသင်း များနှင့် ဒိုင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု အောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၂၂ သင်း၏ မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက် လက်ပြုလုပ်ရာ ဆုရရှိသောအသင်းများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။