(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြင်ဦးလွင်မြို့ရှိ ပြည်သူ့ဆေးရုံ၌ စုပေါင်းသွေးလှူဒါန်း

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြင်ဦးလွင်မြို့ရှိ ပြည်သူ့ဆေးရုံ၌ စုပေါင်းသွေးလှူဒါန်း

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၁
 
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ပြည်သူ့ဆေးရုံ၌ ယနေ့တွင် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပရဟိတ သွေးအလှူရှင် စုစုပေါင်း ၇၀ ဦးတို့က  စုပေါင်းသွေးလှူဒါန်းကြသည်။ 

ထိုသို့စုပေါင်းသွေးလှူဒါန်းမှုများကို ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး သွေးအလှူရှင်များအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် အားဆေးများပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။