ဘောလုံးသမိုင်းတစ်လျှောက် ပယ်နယ်တီသွင်းဂိုး အများဆုံး ကစားသမားစာရင်းတွင်  တိုက်စစ်မှူး စီရော်နယ်ဒို ထိပ်ဆုံးမှ ဦးဆောင်

ဘောလုံးသမိုင်းတစ်လျှောက် ပယ်နယ်တီသွင်းဂိုး အများဆုံး ကစားသမားစာရင်းတွင်  တိုက်စစ်မှူး စီရော်နယ်ဒို ထိပ်ဆုံးမှ ဦးဆောင်

ဘောလုံးသမိုင်းတစ်လျှောက် ပယ်နယ်တီသွင်းဂိုး အများဆုံး ကစားသမားစာရင်းတွင်   မန်ယူအသင်း   တိုက်စစ်မှူးစီရော်နယ်ဒိုက  ထိပ်ဆုံးမှ ဦးဆောင်နေ ကြောင်း သိရသည်။

စီရော်နယ်ဒိုသည်   ကစားသမားဘဝ စတင်ချိန်မှ စတင်ပြီး  စပို့တင်းလစ္စဘွန်းအသင်း၊ မန်ယူအသင်း၊ ရီးယဲလ်မက်ဒရစ်အသင်းနှင့် ဂျူဗင်တပ်စ်အသင်းတို့၌ ကစားခဲ့ပြီး   လက်ရှိအချိန်တွင်လည်း  ဘောလုံး သမိုင်းတစ်လျှောက်  သွင်းဂိုးအများဆုံး ကစားသမား အဖြစ်ရပ်တည်နေကာ   ၎င်းသွင်းယူခဲ့သည့် သွင်းဂိုးများအနက်   ပယ်နယ်တီမှတစ်ဆင့် သွင်းဂိုး  ၁၂၈ ဂိုးအထိရှိခဲ့ပြီး      ဘောလုံးသမိုင်း တစ်လျှောက် ပယ်နယ်တီသွင်းဂိုး   အများဆုံးကစားသမားအဖြစ်    ထိပ်ဆုံး၌ ရပ်တည်နေခြင်းဖြစ်သည်။

ဘောလုံးသမိုင်းတစ်လျှောက် ပယ်နယ်တီမှ တစ်ဆင့် သွင်းဂိုးအများဆုံး ကစားသမားစာရင်းတွင်  စီရော်နယ်ဒို ၏နောက်၌ ပီအက်စ်ဂျီအသင်းမှ မက်ဆီက ၈၄ ဂိုး၊ အေစီမီလန်အသင်းမှ   အီဗရာဟီမိုဗစ်ချ်က   ၇၈  ဂိုး၊ ရိုးမားအသင်း ကစားသမားဟောင်း တော့တီက ၇၃ ဂိုး၊ လာဇီယိုအသင်းမှ အမ်မိုဘီလီက ၆၁ ဂိုး၊ ဘာစီလိုနာအသင်း ကစားသမားဟောင်း   ဒေးဗစ် ဗီလာက ဂိုး ၆ဝ၊ အေဂျက်အသင်းမှ တာဒစ်က ၅၈ ဂိုး၊  ဗီလာရီးယဲလ်အသင်းမှ  ကာဇိုလာက ၅၈ ဂိုး၊ ဘာစီလိုနာအသင်းကစားသမားဟောင်း  ရော်နယ် ဒင်ဟိုက ၅၇ ဂိုး၊ ဘိုင်ယန်မြူးနစ်အသင်းမှ လီဝန်ဒေါ စကီးက  ၅၃ ဂိုး၊ ချယ်လ်ဆီးအသင်း ကစားသမားဟောင်း  လမ်းပတ်က  ၅၁ ဂိုး၊   မန်ယူအသင်းမှ ကာဗာနီက   ဂိုး ၅ဝ၊    မန်ယူအသင်းကစားသမား ဟောင်း နစ္စတယ်ရွိုင်းက ဂိုး ၅ဝ၊ ပီအက်စ်ဂျီအသင်း မှ နေမာက ၄၆ ဂိုး၊ မန်စီးတီးအသင်းကစားသမား ဟောင်း  အဂူရိုက ၄၆  ဂိုး၊   အက်သလက်တီကို အသင်း ကစားသမားဟောင်း  ဖယ်ကာအိုက   ၄၄ ဂိုး၊  လီဗာပူးအသင်း ကစားသမားဟောင်း ဂျရတ်က   ၄၁ ဂိုး၊  မန်ယူအသင်း ကစားသမားဟောင်း ရွန်းနီက ဂိုး ၄ဝ၊ ဝက်စ်ဟမ်းအသင်းမှ  နိုဗယ်က  ဂိုး ၄ဝ၊   မန်ယူအသင်းမှ  ဖာနန်ဒက်က ၃၉ ဂိုးဖြင့် အသီးသီး ရပ်တည်လျက် ရှိကြောင်း သိရသည်။