တရားမဝင်ကျွန်းသစ်၊ ကျောက်စိမ်းအရိုင်းတုံး၊ စားသောက်ကုန်မျိုးစုံ၊ လူသုံးကုန် ပစ္စည်းနှင့် လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရမိ
နေပြည်တော် ဖေဖော်ဝါရီ ၁၁
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်း စစ်ဆေးရေးအဖွဲ့များဖြင့် သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်း တရားမဝင် ကျွန်းသစ် (၁ ဒသမ ၈၂၃၄) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၇ဝ၂ဝ)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဖေဖော်ဝါရီ ၁ဝ ရက်တွင် ရေပူအမြဲတမ်းစစ်ဆေးရေး စခန်းမှ အကောက်ခွန်ဦးစီးဌာနနှင့် တာဝန်ကျဌာနဆိုင်ရာ အဖွဲ့များသည် ကင်းလှည့်စစ်ဆေးစဉ် တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသော လူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၆၅ဝဝဝ) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော TOYOTA ISIS လိုင်စင်မဲ့မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄ဝဝဝဝဝဝ) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၆၆၅ဝဝဝ)အား ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိသည်။
¤င်းအပြင် ဖေဖော်ဝါရီ ၁ဝ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အကောက်ခွန် ဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့မှ ဝေါမြို့နှင့် ရွှေသံလွင် Toll Gate အကြား ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင် တင်သွင်းလာသော စားသောက်ကုန်နှင့် အချိုရည်မျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၉၉၆ဝဝ)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ပဲခူး၊ တောင်ငူနှင့် သာယာဝတီခရိုင် သစ်တောကြိုးဝိုင်းများအတွင်း တရားမဝင်သစ်မျိုးစုံ(၇ ဒသမ ၆ဝ၉၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၉၆၃၄ဝ)အား ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့နောက် ဖေဖော်ဝါရီ ၁၁ ရက်တွင် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၊ အကောက် ခွန်ဦးစီးဌာနနှင့် တာဝန်ကျဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ ရှောင်တခင် စစ်ဆေးရာ Honda Airwave Station Wagon အမျိုးအစားလိုင်စင်မဲ့မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈ဝဝဝဝဝဝ) နှင့် ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ အချိုရည်ဖာ (၁ဝဝ) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃ဝဝဝဝဝ) စုစုပေါင်း အမှုတွဲ(၂)မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၃ဝဝဝဝဝ) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိသည်။
၎င်းအပြင် ဖေဖော်ဝါရီ ၁၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့မှ သတင်းအရသွားရောက်စစ်ဆေးခဲ့ရာ ကင်းလှည့်စစ်ဆေးစဉ် တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသော အိန္ဒိယနိုင်ငံထုတ် ဂျုံမှုန့်အိတ် (၂ဝဝ) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄ဝဝဝဝဝ) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့်ပူးပေါင်းစစ်ဆေးရေး အဖွဲ့မှ သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ကျောက်စိမ်းအရိုင်းတုံး(၅၉၇ ဒသမ ၅ဝ)ဂရမ် (ခန့်မှန်းတန်ဖိုးစိစစ်ဆဲ)ကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့ကျောက်မျက်ရတနာဥပဒေဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဖေဖော်ဝါရီလ ၉ ရက်၊ ၁ဝရက်နှင့် ၁၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၂) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃ဝဝ၇၉၆ဝ)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။