(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆုပေးအပ်ခြင်း အခမ်းအနား ကျင်းပ

 (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆုပေးအပ်ခြင်း အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် တင်းနစ်၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ ပိုက်ကျော်ခြင်း၊ သက်ကြီးဘောလုံးပွဲ စသည့် အားကစားပြိုင်ပွဲများ ဆုပေးအပ်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၁၁ ရက် နံနက်ပိုင်းတွင် ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ ဟင်္သာတင်းနစ် အားကစားကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ  (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် တင်းနစ်အားကစားပြိုင်ပွဲ ဗိုလ်လုပွဲယှဉ်ပြိုင် ကစားနေမှုအား တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဆုပေးအပ်ခြင်းအခမ်းအနား ဆက်လက်ကျင်းပရာ ပဲခူးတိုင်းဒေသကြီး တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေနှင့် ဝန်ကြီးများ ဥပဒေချုပ် ဦးခင်မောင်တင့်နှင့်   တာဝန်ရှိသူများက တင်းနစ်၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ ပိုက်ကျော်ခြင်း၊ သက်ကြီးဘောလုံးပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော အသင်းများအား ဆုများပေးအပ်ကြသည်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပရာတွင် မီနီမာရသွန်၊ တင်းနစ်၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ သက်ကြီးဘောလုံး၊ ပိုက်ကျော်ခြင်း စသည့်  အားကစားနည်းခြောက်မျိုးအား ကျင်းပခြင်းကြောင်း သိရသည်။