ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့-၂၀၂၀ အထိမ်းအမှတ် Tourism and Rural Development ဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

နေပြည်တော်  စက်တင်ဘာ  ၂၅

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ - ၂၀၂၀ အထိမ်းအမှတ် Tourism and Rural Development ဆိုင်ရာဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက Video Conferencing စနစ်ဖြင့် အမှာစကား ပြောကြားသည်။

ဆွေးနွေးပွဲသို့ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဒုတိယ ဝန်ကြီး ဦးတင်လတ်၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်၊ လူဇင်ဘတ် ဖွံ့ဖြိုးရေး အဖွဲ့အစည်း၏ Expert Team မှကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး  မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ညီနောင်အသင်း ၁၁  သင်းကိုယ်စားလှယ် များ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲတာဝန်ခံ များက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့- ၂၀၂၀ အထိမ်း အမှတ် ဂုဏ်ပြုအမှာစကား Video Message ကို ပြသသည်။ ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အမှာစကား ပြောကြားသည်။

ယင်းနောက် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ်မြ Mr.Zurab Pololikashvili  ၏ သတင်းစကား Video Message ကိုပြသသည်။

ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က   ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့-၂၀၂၀ အထိမ်းအမှတ် အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းက Video Conferencing စနစ်ဖြင့် နှုတ်ခွန်း ဆက်စကား ပြောကြားသည်။

ယင်းနောက် ပြည်နယ်များတွင် ဆောင်ရွက်လျက်ရှိသော လူထုအခြေပြုခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာမှု အခြေအနေများကို Video Clip ဖြင့်ပြသသည်။

ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန ရှမ်းပြည်နယ်ရုံးခွဲ တာဝန်ခံက  ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ခရီးသွားလုပ်ငန်းဖြင့် ပံ့ပိုးပေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကယားပြည်နယ်ရုံးခွဲ တာဝန်ခံက ကယားပြည်နယ်ရှိ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ခရီးသွားလုပ်ငန်း ဖော်ဆောင်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊  မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်ရှိ Action Aid Myanmar မှ လူမှုအကျိုးပြုစီးပွားရေး လုပ်ငန်းများဆိုင်ရာ အကြီးအကဲ ဦးအောင်မင်းနိုင်က အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၀ တွင်  Tourism and Rural Award ဆုရရှိခဲ့သော မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် အင်းရောင်းကျေးရွာအုပ်စုရှိ ရပ်ရွာအခြေပြု ခရီးသွား လုပ်ငန်းဆိုင်ရာများနှင့် စပ်လျဉ်း၍ လည်းကောင်း  Video Conferencing စနစ်ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီးများတွင် ဆောင်ရွက်လျက်ရှိသော လူထုအခြေပြု ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာမှု အခြေအနေများကို Video Clip ဖြင့်ပြသသည်။

ထို့နောက် လူဇင်ဘတ်ဖွံ့ဖြိုးရေး အဖွဲ့အစည်း၏ Expert Team မှ Mr. Paul Penfold နှင့် ဒေါ်အေးအေးမာတို့က Myanmar Tourism Strategic Recovery Roadmap-MTSRR (2021-2025) ကို မိတ်ဆက်တင်ပြကြသည်။

ယင်းနောက် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက နိဂုံးချုပ်အမှာစကား ပြောကြားကြောင်းသိရသည်။                     

(၅၀၀)