မန်ယူအသင်းက လေ့ကျင့်ရေးကွင်းဝတ်စုံစပွန်ဆာ Tezos အဖြစ် နှင့် လေ့ကျင့်ရေးကွင်းဝတ်စုံစပွန်ဆာ စာချုပ်ချုပ်ဆိုပြီးနောက် ဘောလုံးလောကတွင် လေ့ကျင့်ရေးကွင်းဝတ်စုံ စပွန်ဆာတန်ကြေး အမြင့်ဆုံး အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
မန်ယူအသင်းသည် အစောပိုင်းက အသင်းလေ့ကျင့် ရေးကွင်းဝတ်စုံစပွန်ဆာအဖြစ် AON နှင့် စာချုပ် ချုပ်ဆိုထားခြင်းဖြစ်သော်လည်း ပြီးခဲ့သည့်ဘောလုံး ရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် ယခုဘောလုံးရာသီတွင် လေ့ကျင့်ရေးကွင်းဝတ်စုံ စပွန်ဆာမရှိဘဲ လေ့ကျင့်မှုများပြုလုပ်ခဲ့ပြီး ယခုအခါ မှသာ Tezos နှင့် တန်ဖိုးမြင့်စပွန်ဆာစာချုပ်ချုပ်ဆို နိုင်ခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းသည် လေ့ကျင့်ရေးကွင်းဝတ်စုံစပွန် ဆာသစ်အဖြစ် Tezos နှင့် တစ်နှစ်လျှင် စတာလင် ပေါင် သန်း ၂၀ တန်ကြေးရှိ လေ့ကျင့်ရေးကွင်းဝတ်စုံ စပွန်ဆာစာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး စာချုပ်သက်တမ်း ကုန်ချိန်ကို ဖော်ပြခဲ့ခြင်းမရှိသော်လည်း နှစ်ရှည်စာချုပ် တစ်ရပ်ဖြင့် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
Tezos သည် မန်ယူအသင်းကို လေ့ကျင့်ရေးကွင်း ဝတ်စုံစပွန်ဆာပေးအပ်မည့်အပြင် မန်ယူအသင်း ဖောင်ဒေးရှင်းကိုလည်း ပံ့ပိုးပေးမည်ဖြစ်သည်။ မန်ယူ အသင်းသည် Tezos နှင့် စပွန်ဆာစာချုပ်ချုပ်ဆိုနိုင် ခဲ့သည့်အတွက် လာမည့်ရက်သတ္တပတ်မှစ၍ Tezos အမည်ပါ လေ့ကျင့်ရေးကွင်းဝတ်စုံများကို ဝတ်ဆင် မည်ဖြစ်ကြောင်း သိရသည်။
Ref;Dailymail