မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြား နေမှုကို မလိုလားသည့် PDF အမည်ခံအကြမ်းဖက်သမားများက အခြေခံပညာအထက်တန်း ကျောင်းခွဲဝင်းအတွင်းရှိ နေအိမ်လိုင်းခန်း ၁ လုံးအား မီးရှို့ဖျက်ဆီး 

မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြား နေမှုကို မလိုလားသည့် PDF အမည်ခံအကြမ်းဖက်သမားများက အခြေခံပညာအထက်တန်း ကျောင်းခွဲဝင်းအတွင်းရှိ နေအိမ်လိုင်းခန်း ၁ လုံးအား မီးရှို့ဖျက်ဆီး 

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃
    
မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာ သင်ကြားနေမှုကို မလိုလားသည့် PDF အမည်ခံအကြမ်းဖက်သမားများက အခြေခံပညာအထက် တန်းကျောင်းခွဲဝင်းအတွင်းရှိ ဆရာ၊ ဆရာမများနေထိုင်ရန် ဆောက်လုပ်ထားသည့် နေအိမ်လိုင်းခန်း ၁ လုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
    
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်အချိန်တွင် မကွေးတိုင်း ဒေသကြီး၊ ဆောမြို့နယ်၊ ယမ်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲဝင်းအတွင်းရှိ ဆရာ၊ ဆရာမများနေထိုင်ရန် ဆောက်လုပ်ထားသည့် နေအိမ်လိုင်းခန်း ၁ လုံးအား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးသွားခဲ့သဖြင့် ၂၀ မိနစ်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် သက်ကယ်မိုး၊ ပျဉ်ခင်း၊ ဝါးကာ နေအိမ်လိုင်းခန်း ၁ လုံး(တန်ဖိုးငွေ ၃၀၀,၀၀၀ ကျပ်ခန့်) မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
    
ထိုကဲ့သို့ ဆရာ၊ ဆရာမများနေထိုင်ရန် ဆောက်လုပ်ထားသည့် နေအိမ်လိုင်းခန်းအား မီးရှို့ ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက နယ်မြေခံတပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။