(၇၅)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် စစ်တွေမြို့ရှိ ဓညဝတီဂေါက်လပ်၌ ဂေါက်သီးရိုက်ဖွင့်ပွဲနှင့် ဆုပေးပွဲပြုလုပ်
နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၃
(၇၅)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲနှင့် ဆုပေးပွဲကို ဖေဖော်ဝါရီ ၁၂ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဓညဝတီဂေါက်ကလပ်၌ ပြုလုပ်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက တီခုန်နံပါတ်(၁)မှ ဂေါက်သီးရိုက်၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးပြီး စတင်ယှဉ်ပြိုင်ကစားကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက် ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိကြသူများအား တိုင်းမှူးနှင့် တာဝန်ရှိသူများ က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အားကစားသမား ၅၆ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သတင်းရရှိသည်။