အမ်းတပ်နယ်၌ (၃၇)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုပေးပွဲပြုလုပ်

အမ်းတပ်နယ်၌ (၃၇)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုပေးပွဲပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၃
    
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းတပ်နယ်၌ (၃၇)ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အားကစားကွင်း၌ ပြုလုပ်ရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်း နှင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အသင်းများ၊ ဒိုင်အဖွဲ့ဝင်များနှင့်  ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
    
ဦးစွာ ဒုတိယတိုင်းမှူးက အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အသင်းများ၏  မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ယှဉ်ပြိုင်မှုများကို လိုက်လံကြည့်ရှုအားပေးသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ဆုရရှိကြသည့် အသင်းများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းနှင့် အဆိုပါပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှု အောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၂၁ သင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။