ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်း ဒါနပါရမီ စုပေါင်းသွေးလှူဒါန်းပွဲ

ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်း ဒါနပါရမီ စုပေါင်းသွေးလှူဒါန်းပွဲ

နေပြည်တော် ဖေဖော်ဝါရီ(၁၃)
    
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ရွှေပြည်တော်သို့ ဆုံမှတ်ပရဟိတအသင်း၏ ဒါနပါရမီစုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိတပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၌ ကျင်းပသည်။
    
အဆိုပါ သွေးလှူဒါန်းပွဲကို ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်းမှ အသင်းသား၊ အသင်းသူများ နှင့် သွေးအလှူရှင်များ ၊ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ ဌာနကြီးမှူး ဗိုလ်မှူးကြီး ဒေါက်တာ ဒေါ်စိုးစိုးမြင့် နှင့်တာဝန်ရှိသူများတက်ရောက်ကြသည်။

သွေးလှူဒါန်းပွဲတွင် လာရောက်လှူဒါန်းကြသည့် သွေးအလှူရှင်များအား တာဝန်ရှိသူ များက လိုက်လံကြည့်ရှုအားပေးပြီး အဟာရဖြည့်စွက်စာများနှင့် အားဆေးများ ထောက်ပံ့ ပေးအပ်သည်။
    
ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်း၏ ဒါနပါရမီစုပေါင်းသွေးလှူဒါန်းပွဲသည် ယခုအကြိမ်အပါအဝင် (၈) ကြိမ်မြောက်ဖြစ်ပြီး ယခင်အကြိမ်များမှာ ရန်ကုန်ရှိ သွေးလိုအပ် နေသော ဆေးရုံကြီးများတွင် သွားရောက်လှူဒါန်းခဲ့ပြီး ယခုအကြိမ်သည် နေပြည်တော်တွင် ကျင်းပသော စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် နေပြည်တော်ရှိ တပ်မတော် ဆေးရုံကြီး (ခုတင်-၁၀၀၀)တွင် လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်း သတင်းရရှိသည်။