ကိုဗစ်-၁၉ ရောဂါဆိုတာ နေ့စဉ်နေထိုင်မှုဘဝမှာ မဖြစ်မနေပါဝင်လာတဲ့ အရာဖြစ်လာပါပြီ။ အထူးသဖြင့် ဟိုဟိုဒီဒီသွားလာမှုတွေကနေ အခန့်မသင့်ရင် ကူးစက်နိုင်ပါတယ်။ ဒီအတွက် ကြောင့် ကိုယ်သွားမယ့်နေရာမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဘယ်လောက် အထိပျံ့နှံ့နေပြီ လဲဆိုတာကို သိရဖို့က အရေးကြီးလာပါတယ်။
Google Maps ကတော့ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုက်ပါပြီ။ မိုဘိုင်းဖုန်းနဲ့အသုံးပြုတဲ့ Google Maps မှာ ဘယ်နေရာမှာတော့ ရောဂါဖြစ်ပွားမှု ဘယ်လောက်ရှိတယ်ဆိုတာကို ထည့်သွင်း ဖော်ပြပေးနေပါတယ်။
Google Maps ကိုဖွင့်ပြီး အပေါ် ညာဘက်အစွန်ဆုံး ပရိုဖိုင်ဓာတ်ပုံအောက်က Layer ဆိုတဲ့ ခလုတ်လေးရှိပါတယ်။ အဲဒီ ခလုတ်လေးကတော့ ကိုဗစ်-၁၉ သတင်း အချက်အလက်ပေးတဲ့ ခလုတ်လေးပါ။
အဲဒီခလုတ်လေးကို နှိပ်လိုက်မယ်ဆိုရင် သီတင်းပတ်တစ်ပတ်အတွင်း ဘယ်နေရာမှာတော့ လူတစ်သိန်းမှာ ဘယ်နှယောက်နှုန်းရောဂါ ဖြစ်ပွားနေတယ်ဆိုတာကို ဂဏန်းအပြင် အရောင် အနုအရင့်နဲ့ပါ ဖော်ပြပေးနေပါတယ်။
ဒီအချက်အလက်တွေကိုတော့ Google ကထောက်ပံ့ပေးထားတဲ့နိုင်ငံနဲ့ ဒေသပေါင်း၂၂၀ မှာ ကြည့်ရှုနိုင်မှာဖြစ်ပြီး တချို့နေရာ ဒေသတွေဆိုရင်တော့ ပိုမိုအသေးစိတ် ဖော်ပြပေးထားတာ ကိုတွေ့ရမှာပါ။
Google ဟာ ရောဂါဖြစ်ပွားမှု အချက်အလက်တွေကို ဂျွန်ဟော့ကင်းတက္ကသိုလ်၊ The New York Times၊ ဝီကီပီးဒီးယားကဲ့သို့ အရင်းအမြစ်တွေက နေရယူပါတယ်။ အရင်က အဲဒီ အချက်အလက်တွေကို သူတို့ရဲ့ အချက်အလက်ရှာဖွေရေး လုပ်ငန်းမှာသာ ဖော်ပြခဲ့ပေမယ့် အခုတော့ Maps မှာပါပူးတွဲဖော်ပြလာတဲ့ သဘောဖြစ်ပါတယ်။
နွေဦး