ခရီးသည်တင် ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား

ခရီးသည်တင် ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား

ရခိုင်ပြည်နယ် မအီမြို့နယ် ကင်းခြေရွာသစ် ကျေးရွာ ရန်ကုန်-ကျောက်ဖြူ အဝေးပြေးကားလမ်း မိုင်တိုင်အမှတ် ၆၄ မိုင် ၁ ဖာလုံအနီး၌ ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၆ နာရီ ၁၅ မိနစ်တွင် ခရီးသည်တင် ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်မှရမ်းဗြဲသို့ ယာဉ်မောင်း ဦးမောင်မောင်နိုင် ယာဉ်နောက်လိုက် ဦးသူရထွန်းနှင့်  ခရီးသည်ခုနစ်ဦးတို့ လိုက်ပါလာသည့် ယာဉ်အမှတ် 2Q/---- EXPRESS ဖြူ/ဒီကြားယာဉ်သည်   မအီစစ်ဆေးရေးဂိတ်တွင် သတင်းပို့ကာ ပြန်လည်ထွက်ခွာရာ ယာဉ်နောက်လိုက် ဦးသူရထွန်းက ခရီးသည်တင်ယာဉ်အား တစ်လှည့်မောင်းနှင်လာစဉ် အခင်းဖြစ်နေရာ အရောက် နံနက် ၆ နာရီ ၁၅ မိနစ်တွင် ကား၏နောက်ပိုင်း အင်ဂျင်ခန်းမှ စတင်မီးလောင်ကျွမ်းမှု ဖြစ်ပွားခြင်းဖြစ်ပြီး ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသည် ခုနစ်ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှုမရှိ၊ ခရီးသည်များ၏ အဝတ်အထည်နှင့် ကုန်ပစ္စည်းများ ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁  သိန်းခန့်နှင့်  ယာဉ်ပျက်စီးဆုံးရှုံးမှု တန်ဖိုးခန့်မှန်းငွေကျပ် သိန်း ၅ဝဝ ခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍  ယာဉ်မောင်း မောင်မောင်နိုင်နှင့် ယာဉ်နောက်လိုက် သူရထွန်းတို့ အား ဥပဒေအရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။