အိန္ဒိယတပ်မတော်မှ မြန်မာ့တပ်မတော်သို့ လှူဒါန်းသော COVIDSHIELD ကိုဗစ်-၁၉ကာကွယ်ဆေး doses(၁)သိန်းရောက်ရှိ
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀
အိန္ဒိယတပ်မတော်မှ မြန်မာ့တပ်မတော်သို့ လှူဒါန်းသော COVIDSHIELD ကိုဗစ်-၁၉ ကာကွယ်ဆေး doses (၁)သိန်း တင်ဆောင်လာသော မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း(MAI) ခရီးစဉ်အမှတ် HM-621 လေယာဉ်သည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှ ယနေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိလာသည်။
အဆိုပါ မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း(MAI)လေယာဉ်ဖြင့် ရောက်ရှိလာသော COVIDSHIELD ကိုဗစ်- ၁၉ ကာကွယ်ဆေးများကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ နယ်မြေခံဆေးသိုလှောင်ရေးတပ်မှ တာဝန်ရှိသူများက လေဆိပ်တွင် လွှဲပြောင်းလက်ခံရယူ သည်။
ထိုသို့ ရောက်ရှိလာသော COVIDSHIELD ကိုဗစ်-၁၉ ကာကွယ်ဆေးသည်(10 doses per Vial ထုတ်ပိုးမှုပုံစံ)ဆေး အလုံးရေ(၁၀၀၀၀) ဆေးပုံးအရေအတွက်ရေခဲဖော့ပုံး(Thermocol Boxes)(၂၀)ပုံး အလေးချိန် ၄၀၀ ကီလိုဂရမ် ရောက်ရှိလာခြင်းဖြစ်သည်။
အဆိုပါ COVIDSHIELD ကိုဗစ်-၁၉ ကာကွယ် ဆေးသည်ဆေးတစ်ပုလင်းလျင်လူ(၁၀)ယောက် ထိုးနိုင်ပြီးလူဦးရေ doses(၁)သိန်းအတွက်ဖြစ် ကြောင်းသိရသည်။
ယနေ့ညပိုင်းတွင် ရန်ကုန်မြို့လေဆိပ် သို့ရောက်လာသောဆေးများကို အအေးလမ်းကြောင်း မပျက်မော်တော်ယာဉ်များဖြင့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိနယ်မြေခံ ဆေးသိုလှောင်ရေးတပ်(စတိုခွဲ) သို့ပို့ ဆောင်ထားရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။